Part 10

1.4K 113 16
                                    

Zawgyi>>>

Koh Mukတွင် စီစဉ်စရာကိစ္စတို့အား စီစဉ်ပြီး ကျွန်တော်တို့ ကျွန်းပေါ်သို့ ပြန်လာခဲ့ကြသည် ။ အိမ်ပြန်ရောက်တော့ Beamက နေသိပ်မကောင်းဘူး ထင်ပါရဲ့ ။ သူ့မျက်နှာကလေးက နွမ်းလျနေသည် ။ အခုလည်း ပင်ပန်းတယ်ဆိုကာ အခန်းအောင်းနေပြန်သည် ။
ကျွန်တော်ကလည်း သူ့ကိုတစ်စက္ကန့်မျှမတွေ့ရရင်ပင် မနေတတ် ။ အခုလည်း ကျွန်တော့်၏ခြေလှမ်းများက သူ့အခန်းရှိရာသို့ ဦးတည်လျက် .....

Forth : Beam.... Beam ကိုယ်ဝင်ခဲ့မယ်နော်

တံခါးခေါက်သော်လည်း ပြန်မထူးတဲ့ ထိုကောင်ကလေးကြောင့် ကျွန်တော်စိတ်ပူသွားရပြန်သည် ။
အခန်းတံခါးကိုလည်း lockမချထားတာကြောင့် ကျွန်တော်လည်း ကိုယ်တိုင်တွန်းဖွင့်၍သာ ၀င်လာလိုက်သည် ။ ထင်တဲ့အတိုင်း စောင်ပုံကြီးထဲတွင် အိပ်ပျော်နေသော ဖြူဖျော့ဖျော့နှင့် ထိုကောင်ကလေး ။ ကျွန်တော် သူ့နဖူးကလေးအား စမ်းကြည့်လိုက်တော့ ပူကျစ်နေလေသည် ။ ထို့အပြင် ကျွန်တော်မြင်လိုက်ရတာက သူ့ခေါင်းအုံးဘေးက စီးကရက်ဘူးကလေး ။ သူဆေးလိပ်တွေ သောက်နေပြန်ပြီလား ။ တကယ်တမ်း ယောက်ျားလေးတယောက်ဆေးလိပ်သောက်တာက မထူးဆန်းပေမဲ့လည်း ထိုကောင်ကလေးကို မသောက်စေချင်တာတော့ အမှန်ပင် ။ ခဏကြာတော့ သူ့ကိုယ်ကလေးက အနည်းလှုပ်ရှားလာသည် ။ နေမကောင်း၍ထင်သည် ငြီးသံသဲ့သဲ့ကလေးတချို့ကို ကျွန်တော်ကြားနေရသည် ။ 'Por...' တဲ့လေ ။ ဒီကောင်လေး သူ့ရဲ့ Porကို သတိရနေတာသိပ်ဖြစ်နိုင်တာပေါ့ ။ သူဘယ်လောက်ဘဲ မုန်းတယ်ဆိုဆို သူ Porကို သူသိပ်ချစ်တယ်ဆိုတာ ကျွန်တော်သိတာပေါ့ .....

နေ့လည်တည်းကလည်း ထမင်းမစားဘဲ အိပ်မောကျနေသော ထိုကောင်ကလေး ။ အခုလည်း နေတောင်စောင်းတော့မယ် သူကလေးက ဆက်အိပ်နေတုန်း ။ သူအစား တစ်ခုခုတော့ စားမှဖြစ်မယ်မလား ။ ကျွန်တော်လည်း မီးဖိုခန်းထဲသို့ဆင်းလာလိုက်သည် ။

အောက်ထပ်ကို ကျွန်တော်ဆင်းလာတော့ ဧည့်ခန်းထဲတွင် Samနှင့်ဆော့နေတဲ့ Neungလေးက ကျွန်တော့်အားပြေးဖက်ကာ ....

Neung : Por...ဦးဦးရောဟင်...ဦးဦးက သားသားနဲ့မကစားဘူးလားဟင်

Forth : ဦးဦးကအခု နေမကောင်းသေးဘူး သားသားရဲ့ ဦးဦးကအခု အိပ်ပျော်နေတာ ဦးဦးက သွားမနှိုးရဘူးနော်

Crush on you.... Where stories live. Discover now