Part 19

1.2K 97 22
                                    

Zawgyi>>>

မနက်စောစောနိုးနေသည်မို့ Beamရှိရာအခန်းဆီသို့ သူအပြေးလာခဲ့သည် ။ ဘာလို့ဆို ယခုလိုအချိန်မျိုး၌ ထိုကောင်လေးအား တစ်ယောက်တည်းလွှတ်ထားရန် မသင့်ဆိုတာကို Forthသိသည် ။ ဒီကောင်လေးသည် သိပ်ကိုတဇွတ်တိုးဆန်သည် ။ စိတ်မြန်သည် ။ လုပ်ချင်တာကို ဖြစ်အောင်လုပ်တတ်သူမို့ Forthပိုစိတ်မချဖြစ်ရသည် ။

အခန်းတံခါးအား ဖွင့်ကြည့်လိုက်တော့ စောင်အကြီးကြီးထဲ၌ နစ်မြုပ်ကာအိပ်မောကျနေသော ကောင်ကလေးအားကြည့်ကာ သူသက်ပြင်းချမိသည် ။ တော်သေးသည်မဟုတ်လား ။

အိပ်ပျော်နေသော ကောင်ကလေး၏နဖူးကလေးအား အနမ်းကလေးပေးကာ အိပ်စက်ရာမှ နိုးထစေခဲ့သည် ။

အပြုံးကလေးဖြင့် သူ့အားညို့ယူနေသော ကောင်ကလေးကိုကြည့်ရင်း Forthတစ်ယောက် နမ်းချင်စိတ်များကိုပင် ထိန်းချူပ်ထားရသည် ။ ဒီကောင်လေးသိပ်ဆိုးသည် ။

Forth : မျက်နှာသစ်လိုက်နော် Beam မနက်စာစားလို့ရပြီ

Beamခေါင်းငြိမ့်ပြလိုက်သည် ။

ထို့နောက်ရေမိုးချိုးပြင်ဆင်ပြီးသည်နှင့် မနက်စာစားရန် Forthရှိရာသို့လာခဲ့သည် ။ Forthအား သူတပ်နိုင်သမျှပူဆာရန်လိုသည် ။ အလှကုန်လုပ်ငန်း၏ သတင်းကို Beamစုံစမ်းရမှဖြစ်မည် ။ Beamသည် အလုပ်လောဘတော့ ကြီးသည်မဟုတ်ပါလား ။

စာအုပ်ဖတ်ကာ ကော်ဖီသောက်နေသော Forthအား Beamပြုံးပြကာ စားပွဲတွင်ဝင်ထိုင်လိုက်သည် ။

Beamဘာပြောချင်နေမှန်းကို Forthသိသည် ။ သို့သော်လည်း မသိကျေးကျွန်သာပြုလျက် စာအုပ်ကိုသာ အသည်းအသန်ဖတ်နေလေသည် ။

Beam : Forth!!

Forth : ပြောလေ Beam

Beam : ဟိုလေ...

Forth : အင်း...

Beam : ကျွန်တော့်ကို Kradanကိုပို့ပေး ကျွန်တော်ဒီအလုပ်ကိုလုပ်ရမှဖြစ်မယ်

တဇွတ်တိုးဆန်လွန်းသည့် ကောင်ကလေးအား ငြင်း၍မရဆိုတာကို Forthသိသည် ။ သို့သော်လည်း စိတ်မချနိုင်ပါ ။ တည့်တောင်းဆိုလာသော ကောင်ကလေးကြောင့် ဖတ်လက်စစာအုပ်အား စားပွဲထက်၌မှောက်လိုက်ကာ ထိုကောင်ကလေးအားကြည့်ပြီး
Forth : ပြောရခက်လိုက်တာ Beamရာ

Crush on you.... Where stories live. Discover now