Part-25 ( replacing )

24.7K 1.9K 46
                                    

Unicode

"ခွပ်!!"

Ray ကိုနမ်းနေသော Jump ကိုဆွဲကာ လက်သီးနှင့်ထိုးပစ်လိုက်သော Jasper....

"ငါ့ babe ကိုများမင်းကထိရဲတယ်ပေါ့ A' Jump.."

လဲကျသွားသော Jump အနားကိုသွားကာထပ်ထိုးမည်အပြု Ray, Jasper ကိုတွန်းလိုက်သည်။

"မင်းဒါဘာလုပ်တာလဲ Jas..."
"အဲ့ကောင် babe ကိုအတင်းနမ်းလို့ ကိုယ်ထိုးလိုက်တာ..."
"ငါကသူ့ချစ်သူဖြစ်တဲ့အတွက် သူငါ့ကိုနမ်းခွင့်ရှိတယ်"
"babe...... ဘာပြောလိုက်တာလဲ...?"

Jasper သူ့ကြားလိုက်ရသည့် စကားလုံးအချို့ကိုမယုံကြည်နိုင်စွာပြန်မေးလိုက်သည်။

Ray အနည်းငယ်ရောင်သွားသော Jump မျက်နှာကိုသာ စိုးရိမ်တကြီးကြည့်နေသည်။

"အဆင်ပြေရဲ့လား အရမ်းနာသွားလား"

သူ့ရှေ့မှာ တယုတယနဲ့ Jump မျက်နှာကိုလက်ဖဝါးနဲ့ခပ်ဖွဖွထိနေတဲ့ Ray ၏လုပ်ရပ်က သူ့နှလုံးသားကိုမီးနှင့်ရှို့နေသည်။

"babe ကိုယ်မေးနေတယ်လေ!!!"

Jasper,Ray ကိုယ်လေးကိုသူ့ဘက်ဆွဲလှည့်ကာ ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ထားတော့ သူ့လက်များကို Ray ကဖယ်ချလိုက်ပြန်သည်။

"ငါ့ကမင်းရဲ့ babe မဟုတ်တော့ဘူး Jas....
Jump ရဲ့ချစ်သူဖြစ်နေပြီ....
နောက်ဆို ငါ့ကို babe လို့မခေါ်ပါနဲ့....."
" Jump နဲ့ babe ကချစ်သူတွေဖြစ်လို့မရဘူးလေ.....
အားလုံးက babe ကို gay လို့ပြောကြမှာပေါ့"
"gay ကောင်...စိတ်ပျက်စရာကောင်းလိုက်တာ......မင်းပြောခဲ့ဖူးတဲ့အဲ့လိုစကားတွေကိုပြောကြမှာကိုလည်းငါဂရုမစိုက်ဘူး"
"babe ကိုယ့်ကိုထားမသွားပါဘူးလို့ကတိပေးထားတယ်လေ ကိုယ့်အနားမှာအမြဲရှိမယ်ဆို "
"မင်းပေးခဲ့တဲ့ကတိတွေကိုတောင်မတည်နိုင်ဘဲနဲ့ ငါကတိတည်ဖို့မမျှော်လင့်နဲ့ Jas.....
မင်းငါ့ပါးကိုရိုက်ခဲ့တုန်းက နောက်ထပ်နာကျင်အောင်မလုပ်ပါဘူးကတိပေးခဲ့တယ်...
ငါ့အသားကိုရိုက်မှနာကျင်တတ်တာမဟုတ်ဘူး Jas..... မင်းလုပ်တဲ့လုပ်ရပ်တွေကလည်း ငါ့စိတ်ကိုရော နှလုံးသားကိုပါ အဆပေါင်းများစွာနာကျင်စေတယ်.....
သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုဆိုတာရှိတယ်....
ကိုယ်ဘက်ကမပေးနိုင်ဘဲနဲ့ သူများဆီကဘာမှမမျှော်လင့်နဲ့.."

The Promise (Completed) Where stories live. Discover now