Part-50 ( truth)

28K 1.8K 181
                                    

Unicode

မနက်ခင်းနိုးထလာပြီး မျက်စိဖွင့်ဖွင့်ချင်း သူ့မျက်နှာကိုမြင်ရတဲ့ခံစားချက်က တကယ်ကိုပြည့်စုံလွန်းသည်။

နေ့တစ်နေ့ကိုစတင်ဖို့ အားအင်တွေပြည့်ဝလာသလို ခံစားမှုမျိုးကိုပေးစွမ်းနိုင်သည်။

ပါးသိုင်းမွှေးရေးရေးရှိသော သူ့ပါးပြင်ကိုပွတ်သပ်ကြည့်ပြီး နဖူးပေါ်မှဆံပင်တချို့ကိုသပ်တင်ပေးလိုက်သည်။

သူနဲ့ပတ်သက်ရင် သဝန်တိုတတ်လွန်းသူ
သူဖြစ်ချင်တာရှိတိုင်း ကလေးဆိုးဆိုးတတ်သူ
လုပ်ချင်တာကို အမြဲမရရအောင်လုပ်တတ်သူ
အဲ့ဒီသူကတော့ ကျွန်တော် Ray Han ချစ်ရတဲ့ Jasper ပါ......

ဖက်ထားတဲ့သူ့လက်တွေကိုအသာဖယ်ပြီး ထမယ်အလုပ် လက်ကနေပြန်အဆွဲချခံလိုက်ရတာကြောင့် Jasper ့အပေါ်သို့ထပ်လျှက်သားလေးပြုတ်ကျလေသည်။

"ဘယ်သွားမလို့လဲ babe"
"နိုးနေပြီလား"
"babe ကိုယ့်ပါးကိုထိကတည်းကနိုးနေတာ"
"အဲ့တာဆိုလည်းလွှတ်ဦး "
"ကိုယ့်ကို morning kiss မပေးရသေးဘူးလေ မေ့ချင်ယောင်ဆောင်နေတာလား..."

Ray အမြန် Jasper နှုတ်ခမ်းတွေထက်ကို သူနှုတ်နှင့်ထိကပ်လိုက်သည်။

"Good morning.....
နမ်းပြီးပြီ အခုလွှတ်တော့လေ...."
"ကိုယ့်ကိုထူဦး...."

သူ့ကိုလွှတ်ပေးပြီး Jasper ကလက်နှစ်ဖက်ဆန့်တန်းကာ ထူခိုင်းပြန်သည်။

Ray ဆွဲထူလိုက်ပြန်တော့လည်း မျက်စိမပွင့်ဘဲ Ray ကိုအနောက်မှဖက်ကာ ပုခုံးပေါ်မေးတင်ပြီး ရေချိုးခန်းထဲတစ်ရွေ့ရွေ့လိုက်လာလေသည်။

သွားတိုက်တံပေါ်သွားတိုက်ဆေးတင်ပြီး Jasper လက်ထဲကို Ray ထည့်ပေးလိုက်သည်။

သွားတိုက်ရင်းနဲ့တောင် Jasper ကသူ့ကိုမှီထားဆဲ။

မျက်နှာသစ်မှပဲ Jasper မျက်လုံးပွင့်လေသည်။

"ပါးသိုင်းမွှေးတွေထွက်နေပြီ ရိတ်လိုက်ဦး...."
"babe ရိတ်ပေးလေ..."
"ကိုယ်ဟာကိုယ်ရိတ်ပါလား...."
"babe ကလည်းကွာ...."

Jasper ပါးသိုင်းမွှေးစူးစူးတွေနှင့် Ray ပါးကိုအတင်းပွတ်လိုက်ရာ Ray တွန့်လိမ်သွားလေသည်။

The Promise (Completed) Donde viven las historias. Descúbrelo ahora