Unicode
"ဝင်လို့မရပါဘူး အစ်ကိုလေးမိုးတိမ်"
"တောင်းပန်ပါတယ် ဦးလေးရယ်ကျွန်တော့်ကို ဝင်ခွင့်ပေးပါ လင်းခတစ်ခုခုဖြစ်နေပြီထင်တယ်"မိုးတိမ် သူ့ကိုဝင်ခွင့်မပေးဘဲ တားနေတဲ့ ဦးကျော်နဲ့ကိုညီကို အတင်းတွန်းဖယ်ကာ ခြံထဲသို့ဝင်လိုက်ပြီး ဟန်လင်းခရှိရာ အိမ်အပေါ်ထပ်အခန်းသို့ပြေးဝင်လိုက်သည်။
ကုတင်ပေါ်တွင်တင်ထားသောဖုန်းနှင့် အိပ်ဆေးဘူးခွံကိုသာတွေ့ရပြီးဟန်လင်းခကိုမတွေ့ရပေ။
ဟန်လင်းခဆီမှmessageရပြီး မိုးတိမ်သိပ်ကိုပျော်သွားခဲ့သည်။ messageတွေပြန်ပို့တော့လည်း reply မပြန် ဖုန်းဆက်တော့လည်းမကိုင်နှင့် သူတဖြည်းဖြည်းစိုးရိမ်လာသောကြောင့်အပြေးလာခဲ့ခြင်းဖြစ်သည်။
ရေချိုးခန်းထဲမှရေသံကြားသောကြောင့် တံခါးကိုဖွင့်ကြည့်သောအခါ lock ချထားသည်။
"လင်းခ"
".........."တံခါးခေါက်ပြီးခေါ်သော်လည်းပြန်မဖြေ။
"လင်းခ!"
"..........."
"လင်းခ!!!"
".........."ထပ်ခေါ်သော်လည်းတိတ်ဆိတ်နေမြြဲဖစ်သောကြောင့်မိုးတိမ် ပိုကာစိုးရိမ်လာပြီး ရေချိုးခန်းတံခါးကို ကိုယ်နှင့်တိုက်ဖွင့်လိုက်သည်။ သို့ပေမယ့် ခိုင်ခံ့လွန်းသောကြောင့် လုံးဝမပွင့်ပေ။
ဦးကျော်ကိုညီနှင့်အိမ်ဖော်များကတော့ မိုးတိမ်ကို အခန်းပေါက်ဝမှရပ်ကြည့်နေကြသည်။"ကျွန်တော့ကို ရေချိုးခန်းသော့ရှာပေးကြပါ မြန်မြန်!"
မိုးတိမ်အော်လိုက်မှ အကုန်လုံးပျာယာခတ်ကာ သော့ရှာကြတော့သည်။
"အစ်ကိုလေး ဒီမှာ"
အံဆွဲထဲမှတွေ့သော သော့တွဲလေးကို မိုးတိမ်ကိုပေးရာ သူအမြန်ဖွင့်လိုက်ပြီး ရေချိုးခန်းထဲတွင် ခွေခွေလေးလဲကျနေသော ဟန်လင်းခကိုတွေ့လိုက်ရသည်။
ရေပန်းကိုအမြန်ပိတ်လိုက်ပြီး အေးစက်နေသော ဟန်လင်းခကိုယ်လေးကို မိုးတိမ်ပွေ့လိုက်သည်။
"လင်းခ!! လင်းခ!! ငါခေါ်တာကြားလား
ဦးလေး ကားထုတ်လိုက်ဆေးရုံသွားမယ်"
VOCÊ ESTÁ LENDO
The Promise (Completed)
Ficção AdolescenteNever give a promise if you can't keep ! 🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸 Story about a young man who know how much love is painful.....