Part-2 (no tears world)

53.9K 3.3K 21
                                    

Unicode

"Deee....De...De..De.."

Vibrate လုပ်ထားသောဖုန်းမှမြည်လာသောကြောင့် သူအားရဝမ်းသာကြည့်လိုက်တော့ခေါ်ဆိုသူက မိုးတိမ်။
ဟန်လင်းခ ဖုန်းကိုမကိုင်ဘဲဒီတိုင်းထားလိုက်သည်။ သူမျှော်နေတာ တော်ဝင့်ဆီကဖုန်းကိုပါ။

"Ting...Ting...Ting....Ting..."

Message များလည်းအဆက်မပြတ်ဝင်နေပြန်သောကြောင့် message boxကိုဖွင့်ကြည့်လိုက်သောအခါတွင်လည်း မိုးတိမ် ဆီမှပင်။

""လင်းခ မင်းဘယ်မှာလဲ""
""ဘာလို့မင်းပစ္စည်းတွေအကုန်မရှိတော့တာလဲ""
""ပြန်လာခဲ့ပါကွာ""
""ငါတောင်းပန်ပါတယ်""
""ငါ့ကိုမထားခဲ့ပါနဲ့ လင်းခရာ""
""ဖုန်းကိုင်ပါကွာ""

""မင်း ဖွားအိမ်မှာမလား""
""ငါလာခဲ့မယ်""

မိုးတိမ်ဆီမှmessageများကိုဖတ်ပြီး သူအိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။

"ဦးကျော် နဲ့ ကိုညီ ကျွန်တော့်ကိုဘယ်သူပဲလာရှာရှာ မရှိဘူး မလာဘူး မသိဘူး ပဲပြောပါ ပြီးတော့ ခြံတံခါးကိုလုံးဝဖွင့်မပေးပါနဲ့ အထူးသဖြင့် မိုးတိမ်ကို လုံးဝဝင်ခွင့်မပေးပါနဲ့ နှင်းတော်ဝင်ဆိုရင်တော့ ချက်ချင်းလာအကြောင်းကြားပါ"
"ဟုတ်ကဲ့ပါ သခင်လေး"

ခြံစောင့်ဦးလေးကြီးနှင့်သူ့သားကိုမှာကြားပြီး အိမ်ဖော်များကိုလည်းမှာရပြန်သည်။

"အန်တီလှိုင် မိချို နဲ့ မိစိုး အိမ်ဖုန်းကို မိုးတိမ်နဲ့တခြားတစ်ယောက်ယောက်ကဆက်ပြီး ကျွန်တော်ရှိလားမေးရင်မရှိဘူး မလာဘူးလို့ပြောပေးပါ မနက်စာ နေ့လည်စာ ညစာကို ကျွန်တော့်အခန်းထဲလာပို့ပေးပါ"
"ဟုတ်ကဲ့ သခင်လေး တခြားမုန့်တွေဘာတွေရောလာပို့ရဦးမလား"
"ကျွန်တော်စားချင်တာရှိရင် ပြောပါ့မယ်"
"ဟုတ်ကဲ့"

ဟန်လင်းခ အခန်းထဲပြန်လာပြီး စာပေါ်သာအာရုံစိုက်ထားပေမယ့် စိတ်ကတော့ တော်ဝင့်ဆီမှ ဖုန်းကိုသာမျှော်နေမိသည်။

နောက်အပတ်တွင်စာမေးပွဲရှိသောကြောင့် ကျောင်းသွားစရာမလိုပေ။

အနီးကပ်မှ ဖင်ကုန်းကျက်တတ်သောသူငယ်ချင်းများကလည်း ကျက်လိုက်မေ့လိုက်နှင့်အလုပ်ရှုပ်နေမည်မှာသေချာသောကြောင့် တစ်ယောက်မှဖုန်းခေါ်မည်မဟုတ်ပေ။

The Promise (Completed) Où les histoires vivent. Découvrez maintenant