Unicode
အလုပ်ကိစ္စများကြောင့် honeymoon မသွားဖြစ်ပေ။
"ကလေးလေးမွေးပြီးမှ မိသားစုအတူတူသွားကြမယ်လေ ကိုကို"
"နားလည်ပေးတာကျေးဇူးပါ Fah"Fah ကတော့ သူမရဲ့အနုပညာအလုပ်တွေကိုအကန့်အသတ်မရှိနားလိုက်သည်။
အလုပ်သွားခါနီး သူ့ကို Fah က necktie စီးပေးတော့ တစ်ချိန်ကကျောင်းသွားခါနီးတိုင်း necktie ဖရိုဖရဲနဲ့သူ့ကိုသတိရမိသည်။
"ကလေးလေး Daddy အလုပ်သွားတော့မယ်နော်"
ကားအနားအထိလိုက်ပို့တဲ့ Fah ရဲ့ဝမ်းဗိုက်ချပ်ချပ်လေးကိုနမ်းကာ နှုတ်ဆက်လိုက်သည်။
"ကိုကို Fah နေ့လည်စာလာပို့မှာနော်"
"ဟုတ်ပါပြီ....
P' Pu နေ့လည်ကျ Fah ကိုကျွန်တော့်ဆီလိုက်ပို့ရင် ကားကို ဖြည်းဖြည်းမောင်းနော်"
"ဟုတ်ကဲ့ပါ "Ray ကားလေး Welson အိမ်တော်မှ W Hotel သို့ဦးတည်မောင်းနှင်သွားလေသည်။
P' Pu တို့အဖွဲ့ကို Fah အားစောင့်ရှောက်စေပြီး P' Tin တို့ကတော့ Ray အနားတွင်အမြဲရှိသည်။
📲🎶 phone ring.......
မကိုင်သင့်တဲ့ဖုန်းကဝင်လာပြန်ရာ Ray စိတ်တို့ရှုပ်ရပြန်သည်။
သူ့ဖုန်းနံပါတ်ကို block လို့ရပေမယ့် Ray မလုပ်မိပေ။ သူ့ဘက်ကဘယ်လောက်ပဲဖုန်းခေါ်ခေါ်မကိုင် သူပို့သမျှ message box ကိုလည်းမကြည့်မိ။
အခုငါတို့ကိုယ့်ဘဝနဲ့ကိုယ်နေကြရအောင်....
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
"ကိုကို"
ရောက်လာပါပြီ သူ့ရဲ့ဇနီးလေး Fah....
တစ်လကျော်သာရှိသေးသောကြောင့် ဗိုက်ကလေးကထွက်မလာသေးဘဲ ကလေးတစ်ယောက်လိုခုန်ဆွခုန်ဆွဝင်လာသောသူမ....
အိမ်ဖော်အဒေါ်ကြီးနှင့်အတူ မီးဖိုချောင်ဝင်ကာ သူမကိုယ်တိုင်ချက်ပြုတ်ပြီးယူလာသည့် နေ့လည်စာကို အတူစားရသည်။
Jasper သူ့ရှေ့တွင်ရှိနေသော Ton Larpin ဆိုသည့် အုတ်ဂူမှ သူနှင့်တူသည့်မျက်ဝန်းတွေကိုပိုင်ဆိုင်ထားသူ၏ဓာတ်ပုံကို မမှိတ်မသုတ်ကြည့်နေမိသည်။
DU LIEST GERADE
The Promise (Completed)
JugendliteraturNever give a promise if you can't keep ! 🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸 Story about a young man who know how much love is painful.....