Unicode
အသုဘဝတ်စုံအနက်နှင့်ပင် Ray ဆေးရုံသို့ထွက်လာခဲ့သည်။ ကားကိုကိုယ်တိုင်မောင်းရင်း ထိန်းထားရတဲ့မျက်ရည်တွေကို စီးဆင်းခွင့်ပြုလိုက်သည်။
ဆေးရုံရှေ့မှာ car ကို parking ထိုးပြီး ပါးပေါ်မှမျက်ရည်တွေကိုသုတ်ဖယ်ကာ ဆေးရုံထဲဝင်လာခဲ့သည်။
သူနာပြုရဲ့လက်ထဲမှာ အသံကုန်အော်ငိုနေတဲ့သားရဲ့အသံကိုကြားလိုက်ရတော့ Ray အောက်နှုတ်ခမ်းကို ခပ်နာနာဖိကိုက်ပြီး အားတင်းလိုက်သည်။
အရိုအသေပေးသော P' Pu တို့ကိုလက်ပြကာ သူနာပြုလက်ထဲမှ သားကိုပြောင်းချီလိုက်သည်။
"သားလေး ဘာလို့အရမ်းငိုနေတာလဲ....
Daddy ရောက်လာပြီ တိတ်တော့နော်"သားကသူ့စကားကိုနားလည်ဟန် ချက်ချင်းအငိုရပ်သွားပြီး ကြည့်နေသည်။
"လိမ္မာတယ်.....
ဒီနေ့ Daddy တို့အိမ်ပြန်ကြမယ်နော်..."နိုးဗူးဆို့ပြီး အိပ်ပျော်သွားသောသားကို Ray ပွေ့ကာ ကားနောက်ခန်းတွင်ထိုင်လိုက်သည်။
တရွေ့ရွေ့ပြေးနေသော ကားပေါ်မှ Ray တံခါးမှန်ကိုချလိုက်သည်။ ကောင်းကင်တစ်ခုလုံးအုံ့မှိုင်းကာ ပြိုကျတော့မယ့်ပုံပင်။
တိုးဝင်လာသောလေအေးတွေကြောင့် မှန်ပြန်တင်လိုက်သည်။ ရင်ခွင်ထဲမှသားလေးကတော့ အပြစ်ကင်းစွာအိပ်ပျော်နေဆဲ။
"ကောင်းကင်ခ"
ကားမောင်းနေသော P' Pu နှင့် သူ့ဘေးမှ First ကလှည့်ကြည့်လာသည်။
"ဟန်လင်းခ ရဲ့သား ကောင်းကင်ခ"
အိမ်တော်မှာ သူ့ကိုအားလုံးက စောင့်နေကြပြီး အိပ်ပျော်နေသော သားကို Ray အခန်းထဲမှာ သိပ်လိုက်သည်။
"ဖေဖေတို့သားကိုစိတ်ပူနေမှန်းသိပါတယ်...
စိတ်ချပါ သားဘာမှမဖြစ်ပါဘူး.....
စိတ်ချလက်ချနဲ့ ပြန်ပါ..."
"သေချာရဲ့လား သားဟန်"
"သားတကယ်အဆင်ပြေပါတယ်"🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
First ရဲ့အမေခွဲစိတ်မှုလုပ်ပြီး ပြန်ကျန်းမာလာတော့ Ray သူ့အိမ်တော်မှာပဲခေါ်ထားလေသည်။
ESTÁS LEYENDO
The Promise (Completed)
Novela JuvenilNever give a promise if you can't keep ! 🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸 Story about a young man who know how much love is painful.....