Unicode
အစည်းအဝေးခန်းက Ray ထွက်လာလာချင်း အနားကို Jasper ရောက်လာလေသည်။
"babe သူငယ်ချင်းတွေ ဒီနေ့လာမှာဆို"
"အင်း..."
"သွားမကြိုဘူးလား"
"အစည်းအဝေးရှိလို့ First ကိုသွားကြိုခိုင်းလိုက်တယ်"Tablet ကနေအကြည့်မခွာဘဲ Jasper့ အမေးကိုပြန်ဖြေရင်း ရုံးခန်းဆီသို့ဦးတည်လာခဲ့သည်။
Ray လက်ထဲမှာ tablet ကိုအလုပ်စားပွဲပေါ်တင်ကာ computer ကိုအကြည့်လွှဲလိုက်သည်။
Jasper ကတော့ sofa ပေါ်မှာ ဖိတ်စာထဲထည့်ဖို့ ဓာတ်ပုံထိုင်ရွေးနေလေသည်။
"babe ဒီပုံလေးလှတယ်မလား"
"အင်း လှတယ်...."
"ဒီပုံလေးလည်း ကောင်းတယ်မလား"
"အင်း......"
"ဒီပုံလေးရော ဘယ်လိုလဲ"
"မဆိုးပါဘူး..... "သူမေးသမျှကိုဖြေနေပေမယ့် ပြနေသည့် ပုံတွေကိုတစ်ချက်မကြည့်ဘဲ computer ထဲဝင်တော့မတတ်အလုပ်ကိုသာ အာရုံစိုက်နေသည့် Ray ကို Jasper တဖြည်းဖြည်းအသည်းယားလာသည်။
"babe"
"အင်း...."
"babe!"
"အင်းးး...."
"babe!!!!!"ကုန်းအော်မှ Ray ကနားလေးအုပ်ကာ Jasper ကိုမျက်စောင်းထိုးကြည့်လေသည်။
"Arrrr....
ကိုယ်မရတော့ဘူး....
ကိုယ်သည်းမခံနိုင်တော့ဘူး...."သူ့ဆီတစ်လှမ်းချင်းလျှောက်လာနေသော Jasper ကြောင့် ဒေါသထွက်သွားပြီ အထင်ဖြင့် Ray အနည်းငယ်တုန်လှုပ်သွားသည်။
"ကိုယ့်ကိုမျက်စောင်းထိုးတယ်ပေါ့.....
အားးး...!!
ဘယ်လိုလေးလဲကွာ.....
အူယားလိုက်တာ...."သူ့ကိုအော်တော့မည်ထင်နေသော Ray မှာ မျက်နှာအနှံ့လာနမ်းနေသော Jasper ကြောင့် ကြောင်တောင်တောင် လေးဖြစ်သွားလေသည်။
"ဒီအလုပ်တွေ ထားလိုက်ပါကွာ...
ကိုယ်နဲ့ ဓာတ်ပုံအတူရွေးရအောင်နော်...."
"မဖြစ်ဘူး......
ဒါတွေအမြန်ပြီးအောင်လုပ်ရမယ်"
"babe ကလည်းကွာ.....
လာပါဆို....."
"ခွီး....."နှုတ်ခမ်းကြီးဆူပြီး ကလေးလိုခါယမ်းပြောနေသည့် Jasper ကြောင့် Ray ရယ်ချင်စိတ်ကိုမထိန်းချုပ်နိုင်တော့ပေ။
"ဒီအလုပ်တွေအကုန်အမြန်ပြီးမှ....
မင်းနဲ့ honeymoon အေးအေးဆေးဆေးထွက်လို့ရမှာပေါ့...."
"အဲ့လိုလား...."
"အင်း....."
"ကိုယ် မနက်ကတည်းက babe ကိုကောင်းကောင်းမနမ်းရသေးဘူးလေ....."
"အခုပဲနမ်းပြီးသွားပြီလေ....."
"အဲ့တာကနမ်းတာမဟုတ်ဘူး အသည်းယားလို့နှုတ်ခမ်းနဲ့လိုက်ပွတ်တာ...."
"မင်းငါ့ကိုတစ်ရက်လောက်မထိမနမ်းဘဲ မနေနိုင်ဘူးလား...."
"babe ကိုမထိရရင် ကိုယ်ရူးသွားလိမ့်မယ်.......
အခုအရမ်းနမ်းချင်နေပြီ......နော်......
နော်...နော်.....နော်....နော်....."
"Ok ok..."
![](https://img.wattpad.com/cover/136330131-288-k988435.jpg)
ESTÁS LEYENDO
The Promise (Completed)
Novela JuvenilNever give a promise if you can't keep ! 🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸 Story about a young man who know how much love is painful.....