Unicode
"P Tin, Paradise Bar ရဲ့မနေ့ညက cctv မှတ်တမ်းတွေနဲ့ ကျွန်တော့်ကို service ပေးခဲ့တဲ့ waiter ကိုစစ်ဆေးပေးပါ....."
"ဘာဖြစ်လို့လဲ သခင်လေး"
"ကျွန်တော်မနေ့ညက ဆေးခပ်ခံရတယ်...
တရားခံဘယ်သူလဲဆိုတာကိုသိချင်တယ်"
"ဟုတ်ကဲ့ပါ သခင်လေး"P' Tin နှင့်ဖုန်းပြောပြီး Fah ကိုအိမ်ပြန်လိုက်ပို့ရန် နှစ်ယောက်သားအခန်းထဲမှထွက်လာပြီး hotel reception မှအဖြတ်....
"babe!!!"
ဒေါသပါနေသည့် Jasperရဲ့ အသံစူးစူးကသူ့နားထဲဝင်လာရာ Ray မျက်နှာတွင် စိတ်ပျက်ခြင်းအရိပ်အယောင်များစိုးမိုးလာပြီး စုတ်တစ်ချက်သပ်လိုက်သည်။
"tsk!"
"babe ဘာလို့သူနဲ့အတူထွက်လာတာလဲ!!"
"......"Jasper၏ အမေးကိုပြန်မဖြေဘဲ Ray စိတ်ပျက်စွာ ဆံပင်တွေကိုထိုးဖွလိုက်သည်။
"Fah နင်ကဘာလို့ငါ့ babe နဲ့အတူရှိနေတာလဲ!"
တုန့်ပြန်မှုမရှိဘဲ Fah ကခေါင်းကိုသာငုံ့ကာ လက်သီးခပ်ဖွဖွဆုပ်ထားလေသည်။
"ငါမေးနေတယ်လေ!!!"
Jasper အော်လိုက်ရာ Fah တုန်သွားသောကြောင့် Ray ,Fah လက်ကိုဆွဲကာ သူ့အနောက်ပို့လိုက်သည်။
"မင်းမေးတာကိုဘာလို့ဖြေရမှာလဲ.....
မင်းနဲ့ငါကဘာဆိုင်လို့လဲ..."
"babe ကိုယ့်ကိုစိတ်ဆိုးနေမှန်းကိုယ်သိတယ်..
နာရီကိုလွှင့်ပစ်တာ couple ring ကိုပြန်ပေးတာ....ကိုယ်အားလုံးကိုနားလည်ခွင့်လွှတ်တယ်......
ဒါပေမယ့် ကိုယ်မဟုတ်တဲ့တခြားသူတစ်ယောက်နဲ့ အလုပ်ကိစ္စကြောင့်မဟုတ်ဘဲ အတူရှိနေတာကိုတော့ ကိုယ်မကြိုက်ဘူး...
ကိုယ်နားလည်ပေးတဲ့အထဲမှာဒာမပါဘူး"
"Arrrr..... စိတ်ပျက်စရာကောင်းလိုက်တာ..
မင်းနဲ့ငါနဲ့ မနေ့ကတည်းက အတိအလင်းလမ်းခွဲပြီးသားလေ....
ငါ့ကိုမင်းခွင့်လွှတ်တာ မလွှတ်တာကို ငါကစိတ်ထဲထားမယ်ထင်နေလား....
hak...ဆုတောင်းလေ "Fah လက်ကိုဆွဲပီးထွက်သွားဖို့လုပ်တဲ့ Ray ရဲ့ကျန်လက်တစ်ဖက်ကို Jasper အမိအရလှမ်းဆွဲလိုက်ပေမယ့် Ray ကခါထုတ်လိုက်သည်။
"ငါ့အသားကိုမထိနဲ့ ရွံတယ်"
အံကြိတ်ပြီး Ray တစ်လုံးချင်းပီပီသသပြောလိုက်သည်။
YOU ARE READING
The Promise (Completed)
Teen FictionNever give a promise if you can't keep ! 🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸 Story about a young man who know how much love is painful.....