Part-36 ( for the first time)

28.4K 1.7K 61
                                    

Unicode

ထိုညက Jasper ကို Ray ကျောပေးအိပ်ခဲ့သည်။ Jasper ကတော့ သူ့ကိုအနောက်မှဖက်ကာအိပ်စက်ခဲ့လေသည်။

Jasper ကိုစိတ်ဆိုးနေခြင်းမဟုတ်...
အမှန်အတိုင်းဝန်ခံရလျှင် သူရှက်ကာ မျက်နှာပူနေခြင်းဖြစ်သည်။

နောက်တစ်နေ့မနက်ရောက်တော့ သူတို့နှစ်ယောက်ပုံမှန်ပြန်ဖြစ်သွားသည်။ morning kiss ပေးပြီး အိပ်ရာအတူထသည်။ မုတ်ဆိတ်ရိတ်ပေးပြီး shaved cream အနံ့သင်းသည့် Jasper မျက်နှာကိုအနမ်းခြွေကာ မျက်နှာအတူသစ်သည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

Bangkok သို့ပြန်ရန် သူတို့နှစ်ယောက်လေဆိပ်ရောက်နေပြီဖြစ်သည်။ Ray ၏ချစ်သူငယ်ချင်းငါးယောက်က လေဆိပ်ကိုလိုက်ပို့ပြီး

"မပြန်ပါနဲ့ဦး"

ဆိုကာ မျက်ရည်လေးတစမ်းစမ်းနဲ့ဖြစ်နေကြသည်။

အလုပ်ကိစ္စတွေကို သူကြာကြာပြစ်မထားသင့်တာကြောင့် Ray လည်းပြန်မှဖြစ်မည်။

ငါးယောက်သား Ray ကိုဝိုင်းဖက်ထားကြသည်။

"သားကြီးတို့ ငါသွားပြီ"

နောက်ပြန်လမ်းလျှောက်ရင်း Ray လက်ပြတော့ ငါးယောက်လုံးက bye ဆိုပြီးလက်ပြန်ပြလေသည်။

လေယာဉ်ပေါ်တွင် မျက်နှာမကောင်းသော သူ့ကို Jasper နဲနဲမှဂျီမကျပဲ ငြိမ်သက်စွာ သူ့လက်ဖဝါးကိုဆုပ်ကိုင်ထားခဲ့သည်။

🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

သူတို့နှစ်ယောက်လုံး တက္ကသိုလ် တတိယနှစ်ကျောင်းသားတွေတောင်ဖြစ်လာကြပြီဖြစ်သည်။

Junior လေးတွေကိုကူညီပြီး ရင်းရင်းနှီးနှီးနေချင်တာကြောင့် hazer team ဝင်ဖို့လုပ်ခဲ့ပေမယ့် အတင်းတားသော Jasper ကြောင့် သူမဝင်ခဲ့ရ။

Junior လေးများကို စာရှင်းပြရင်း နီးကပ်သည်ကိုပင် Jasper ကမကြိုက်။ chocolate ကြိုက်တဲ့သူ့အတွက် valentine နေ့မှာ လက်ဆောင်ရတဲ့ chocolate ကိုမစားရပေ။ Jasper ကအကုန်ယူကာ လွှင့်ပြစ်တတ်သည်။ Jasper ဝယ်ပေးသည့် ချောကလက်ကိုသာ စားရလေသည်။ သိပ်ကိုသဝန်တိုတတ်ပြီး အရစ်သန်သည့် bad boy ကြီးဟာ သူ့ရဲ့ချစ်သူပါ။

The Promise (Completed) Donde viven las historias. Descúbrelo ahora