Unicode
Hua Hin မှအပြန်လမ်းတစ်လျှောက်လုံးကားပေါ်တွင် Jasper ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသည်။ line message ဝင်သံဆက်တိုက်ကြားနေရပြီး typing ရိုက်နေရသောကြောင့် ဘေးမှ Ray ကိုတစ်ချက်ပင်လှည့်မကြည့်ပေ။
ကားနားစဉ် Ray မုန့်ဆင်းဝယ်ရန်ခေါ်သော်လည်းမလိုက်ပေ။
ဘာဝယ်ရမလဲရွေးနေစဉ်အနားကို Wine နှင့် Fah ရောက်လာသည်။ Fah မျက်နှာမကောင်းသောကြောင့်တစ်ခုခုဖြစ်ထားပုံပင်။
"Fah နဲ့အတူထိုင်တဲ့ senior အစ်ကိုကြီးက Fah ကိုအရမ်းအသားယူလို့ ....အဲ့တာ...
ကိုကို Fah နဲ့အတူထိုင်ပေးလိုက်ပါလားဟင်...
Wine က P' Cat နဲ့ထိုင်တာဆိုတော့နေရာပြောင်းထိုင်လိုက်ရင်မကောင်းဘူးလေ...."Ray ဘယ်လိုပြန်ပြောရမလဲဖြစ်နေသည်။ Fah အမှန်တကယ်ကို အခက်တွေ့နေပုံပင်။ သူ Jasper အနားတွင်ထိုင်နေပေမယ့် Jasper ကသူ့ကိုရှိသည်ပင်မထင် သူ့ကိစ္စနှင့်သူမအားသောကြောင့် Ray ကူညီရန်ဆုံးဖြတ်လိုက်သည်။
"Ok ကိုကို Fah နဲ့အတူထိုင်ပေးမယ်"
Ray နှင့် Fah အတူထိုင်သောကြောင့် senior အစ်ကိုကြီး မကျေမနပ်ဖြစ်သွားပြီး Jasper အနားသွားထိုင်လိုက်သည်။
"ကျေးဇူးပဲနော် Ray"
"ရပါတယ်...."Ray နားကြပ်တပ်ပြီး ခုံကိုမှီအိပ်လိုက်သည်။
ကားထွက်ပြီးနာရီဝက်ခန့်ကြာချိန်တွင် Jasper ဖုန်းပိတ်လိုက်ကာ သူ့ဘေးနားမှလူကို Ray အမှတ်နှင့်ခါးကိုအားရပါးရဖက်ချလိုက်သည်။
"ဘာလုပ်တာလဲ Jasper!!!"
Senior အိပ်ချင်မူးတူးနှင့်အလန့်တကြားထအော်သောကြောင့် တစ်ကားလုံးအိပ်ပျော်နေရာမှနိုးလာကြသည်။
"ခင်ဗျားကဘယ်သူလဲ Kha ဘယ်ရောက်သွားတာလဲ"
"ကိုယ့် senior ကိုတောင်ကိုယ်မသိဘူးလား...."Jasper သူ့ကိုဒေါသထွက်နေသော senior ဆိုသူကိုဂရုမစိုက်နိုင် သူ့ babe ကိုသာရှာကြည့်နေမိသည်။ Fah နှင့်အတူထိုင်နေသော Ray ကိုတွေ့တော့ မျက်ခုံးများကအလိုလိုတွန့်ချိုးသွားပြန်သည်။ သူ့ကိုခဏမျှသာကြည့်ပြီး မျက်လုံးတွေပြန်မှိတ်သွားသော Ray ကြောင့် အံတွေပါကြိတ်ထားမိသည်။

VOCÊ ESTÁ LENDO
The Promise (Completed)
Ficção AdolescenteNever give a promise if you can't keep ! 🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸 Story about a young man who know how much love is painful.....