Unicode
"Jas babe ချင်းမိုင်ကိုသွားရမယ် တစ်ပတ်ကျော်လောက်ကြာမှာ လိုက်ခဲ့ချင်လား"
"Arr..... ကိုယ်လိုက်လို့မဖြစ်ဘူး babe အလုပ်တွေကထားခဲ့လို့မရဘူး"
"အင်း...."
"တစ်ပတ်တောင်ဆိုတော့ ကိုယ် babe ကိုအရမ်းလွမ်းနေရတော့မှာပဲ
ကိုယ်တို့ရဲ့ 5 နှစ်ပြည့် anniversary ရောက်ဖို့ ငါးရက်ပဲလိုတော့တာ...
ဒီနှစ်နှစ်ပတ်လည်မှာတော့အတူမရှိနိုင်တော့ဘူးပဲ"
"babe တောင်းပန်တယ်နော်"
"ရပါတယ်..."အရင်လိုသူဘယ်သွားသွား Jas မလိုက်တော့ပါ။ company ကိုအကြောင်းပြကာ နေခဲ့တတ်သည်။
အပန်းဖြေစခန်းဖွင့်ပွဲအတွက် Ray ချင်းမိုင်သို့ Jump နှင့်အတူသွားရသည်။ W ရဲ့ပင်တိုင် model ဖြစ်တဲ့ Fah လည်း ချင်းမိုင်သို့ ဖွင့်ပွဲကိုလာရသည်။
"ကိုကို!!"
လာပါပြီ Wine လို vocal နဲ့ သူရဲ့နောက်ထပ်ညီမလေး Fah ကသူ့ကိုမြင်သည်နှင့်အပြေးလေးလာဖက်သည်။
ဆံပင်ရှည်လေးတွေကိုဖွလိုက်တော့ ပြန်ရသည့် Fah ၏အပြုံးကသိပ်ကိုအေးချမ်းသည်။ Wine ကပြုံးလိုက်ရင် အရမ်းချစ်စရာကောင်းပြီး Fah ကတော့ ကျက်သရေရှိပြီး အေးချမ်းလှပသည်။
"Fah လွှတ်လို့ရပြီလေ"
Jump စကားကြောင့် Fah ကနှာခေါင်းရှုံ့ပြီး မျက်စောင်းထိုးလေသည်။
"မလွှတ်ဘူးဟာ ဖက်မှာပဲ...
ငါ့ကိုကို ငါဖက်တာဘာဖြစ်လဲ...
သူမဖက်ရတိုင်း မနာလိုဖြစ်နေတာ.."
"ငါလည်း Han ကိုဖက်လို့ရတယ်"Jump ပြောပြောဆိုဆို Ray ကိုအနောက်မှ လာဖက်လေသည်။ အရှေ့က Fah အနောက်က Jump နှင့် Ray မှာ နှစ်ယောက်သတ်သည့်ကြား ညက်နေသည်။
"Jump နင် ကိုကို့ ကိုအသားမယူနဲ့နော်"
"ယူတော့ဘာဖြစ်လဲ""နှစ်ယောက်လုံးတော်တော့....
လာ နေ့လည်စာသွားစားမယ်....
ငါဗိုက်ဆာနေပြီ"ဝန်ထမ်းများကပါ သူတို့သုံးယောက်ကိုကြည့်ပြီး ရယ်နေကြလေသည်။
နေ့လည်စာအတူစားရင်းနှင့်တောင် Fah နှင့် Jump ကသတ်နေကြသေးသည်။ သူတို့နှစ်ယောက်ကြောင့် Ray အရာအားလုံးကိုမေ့ကာ ခဏတော့ ရယ်မောမိသည်။
![](https://img.wattpad.com/cover/136330131-288-k988435.jpg)
BINABASA MO ANG
The Promise (Completed)
Teen FictionNever give a promise if you can't keep ! 🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸 Story about a young man who know how much love is painful.....