Unicode
မင်္ဂလာပွဲပြီးတော့အိမ်တော်သို့ အားလုံးပြန်ကြလေသည်။
အိမ်တော်ကိုပြန်ရောက်ရောက်ချင်း Jasper သူဇာနွယ်ကိုလက်တို့ကာ အချက်ပေးလိုက်သည်။
"Emmat လေးရေ တီတီ့ဆီလာပါဦး.....
အဝတ်အစားသွားလဲရအောင်...."သူဇာနွယ် Emmat လေးကိုခေါ်သွားရာ Ray နှင့် Jasper လည်းအပေါ်ထပ်အခန်းသို့ အကျႌလဲရန်တက်လာခဲ့သည်။
ကုတင်ဘေးမှာတော့ honeymoon အတွက်ပြင်ဆင်ထားသည့် luggage နှစ်လုံးရှိလေသည်။
ဂျပန်သို့ိသွားရန်ပြင်ဆင်ထားပြီး လေယာဉ်ချိန်က ညနေခြောက်နာရီဖြစ်သည်။
Ray အဝတ်တွေယူပြီး ရေချိုးခန်းထဲမှာသွားလဲရန်ပြင်တော့ Jasper ကသူ့ရှေ့တွင်သာ လဲရမည်ဆိုပြီး ဂျီကျနေသည်။
Ray လည်းပြောမရသည့်အဆုံး အပေါ်ထပ်ကုတ်လေးကိုအရင်ချွတ်ပြီး ခါးပတ်ဖြုတ်ကာ ဘောင်းဘီလေးပါချွတ်လိုက်လေသည်။
Jasper ကတော့ မှန်တင်ခုံပေါ်ထိုင်ရင်း Ray ကိုကြည့်နေလေသည်။
Shirt အင်္ကျီတစ်ထည်နှင့် boxer လေးသာကျန်တောသည့် Ray ကို Jasper အနောက်မှသိမ်းကြုံးဖက်လိုက်သည်။
"Jas....
လွှတ်ကာ...."
"မလွှတ်ဘူးကွာ...."Ray ကိုယ်လေးကိုဆွဲလှည့်ကာ နမ်းရန်ပြင်တော့ Jasperရဲ့ နှုတ်ခမ်းတွေကိုလက်နှင့်အမြန်တားဆီးလိုက်သည်။
"ခဏနေ လေဆိပ်သွားရတော့မှာလေ Jas ကလည်း...."
"နှစ်နာရီတောင်လိုသေးတာကိုကွာ..."
"babe ပင်ပန်းနေလို့ပါ နော်..."
"အဲ့တာဆိုလည်း နမ်းခွင့်တော့ပေးကွာ..."
"အင်း....နမ်း..နမ်း......"ခေါင်းမော့ကာ နှုတ်ခမ်းလေးစူပေးသည့် Ray ကိုအသည်းယားစွာ ပါးပြင်လေးကိုနမ်းလိုက်ပြီးမှ နှုတ်ခမ်းလေးကိုငုံလိုက်သည်။
"Daddy!!!"
အခန်းတံခါးကိုတွန်းဖွင့်ပြီး ပြေးဝင်လာသော Emmat ကြောင့် Ray ယောင်ကာ နမ်းနေသည့် Jasper ကိုဆောင့်တွန်းပြစ်လိုက်သည်။
သားက ဘောင်းဘီမပါသည့် သူ့ကိုတစ်လှည့် ကုတင်ပေါ်လဲကျသွားသော Jasper ကိုတစ်လှည့် ပြူးကြောင်ကြောင်လေးကြည့်နေသည်။
![](https://img.wattpad.com/cover/136330131-288-k988435.jpg)
YOU ARE READING
The Promise (Completed)
Teen FictionNever give a promise if you can't keep ! 🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸 Story about a young man who know how much love is painful.....