Part-9 (gay?)

28.1K 2.1K 13
                                    

Unicode

အိပ်ပျော်နေဆဲဖြစ်တဲ့ Jasper ကို Ray မမှိတ်မသုန်ကြည့်နေမိသည်။

ရုပ်ရည်ရော body ပါ perfect ဖြစ်ပြီး ယောက်ျားဆန်လွန်းသည့် Jasper လို playboy တစ်ယောက်ကိုမိန်းကလေးများသဘောကျသည်မှာမဆန်းပေ။

ဒါဆိုယောက်ျားလေးတစ်ယောက်ဖြစ်တဲ့သူကရော Jasper ကိုသဘောကျခွင့်ရှိလား။

ဘယ်ယောက်ျားလေးကိုမှရင်မခုန်ခဲ့ဘဲ straight တစ်ယောက်အဖြစ်ခံယူထားခဲ့တဲ့သူဟာ အခုတော့ Jasper ကြောင့်ကိုယ့်ကိုကိုယ်
""ငါက Gay လား""
ဆိုပြီးမေးခွန်းထုတ်နေမိသည်။

သူကိုယောကျ်ားတစ်ယောက်ကလာနမ်းရင် သူသေချာပေါက် ဒေါသထွက်ပြီး လက်သီးကျွေး
မိပေမည်။

သို့သော် Jasper သူ့ကိုနမ်းတော့ဒေါသထွက်ဖို့တောင်မေ့ပြီးရင်တွေအခုန်မြန်ရသည်။ သူ့ကို Jasper ဖက်တိုင်းလည်းမငြင်းဆန်မိ။

နှစ်ပေါင်းများစွာပေါင်းလာခဲ့သည့်မိုးတိမ်အပေါ်တောင် သူဒီလိုမခံစားမိပေမယ့် တွေ့တာရက်ပိုင်းသာရှိသေးသည့် Jasper အပေါ်တွင်တော့ ခံစားချက်များကထူးခြားစွာမတူညီပေ။

သူအခုယောက်ျားတစ်ယောက်ကိုဘဝမှာပထမဆုံးအကြိမ်အဖြစ်ချစ်မိနေကြောင်းမှာသေချာသည်။ ဒါပေမယ့်သူဖွင့်မပြောရဲ။ ဖွင့်မပြောချင်ဆိုလျှင်ပိုမှန်လိမ့်မည်။

သူ့ဘက်ကသာဒီလိုတွေခံစားနေရပေမယ့် Jasper ကတော့သူငယ်ချင်းတစ်ယောက်ထက်မပိုဘဲ စနောက်နေခြင်းဖြစ်နိုင်သည်။ Jasper ကိုဖွင့်ပြောလိုက်လျှင် လက်ရှိအခြေအနေလေးကိုဆုံးရှုံးသွားပြီး မုန်းသွားနိုင်သည်။ friendzone လေးကသာသူ့အတွက်အကောင်းဆုံးဖြစ်လိမ့်မည်။

"နိုးနေပြီလား"

မျက်ဝန်းများပွင့်လာပြီးမေးလိုက်တဲ့ Jasper ကြောင့် Ray အတွေးစပျက်သွားရသည်။

""Jas ကမင်းသူငယ်ချင်း မင်းစည်းကျော်လို့မဖြစ်ဘူး""

Ray မှန်ထဲမှမြင်နေရသော သူ့မျက်ဝန်းများကိုစိုက်ကြည့်ပြီး သတိပေးလိုက်သည်။

🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸

Uniform ဝတ်ပြီး ညကသောက်ထားသော Jasper အတွက် ပျားသံပုရာတစ်ခွက်ဖျော်ကာထိုင်စောင့်နေလိုက်သည်။

The Promise (Completed) Donde viven las historias. Descúbrelo ahora