Unicode
"ငါ gay လားဆိုတာကိုတော့ငါမသိဘူး ငါသိတာတစ်ခုက ငါချစ်တဲ့သူက ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ငါ့ချစ်သူကို ပတ်ဝန်းကျင်ရဲ့ဝေဖန်စကားတွေ ပြစ်တင်မှုတွေကိုဂရုမစိုက်ဘဲ အရာအားလုံးထက် ပိုချစ်ပေးမယ်ဆိုတာပဲ"
Jasper မျက်ဝန်းကိုစိုက်ကြည့်ကာ သူတည်ငြိမ်စွာပင်ဖြေလိုက်သည်။
"Bravo!!!!"
အားလုံးဝိုင်းပြီး လက်ခုပ်တီးကြပေမယ့် Jasper ကတော့ မျက်ခုံးများကိုပင်ပို၍တွန့်ချိုးလာလေသည်။
ပုလင်းလေးရဲ့ညွှန်ပြခြင်းခံရသူတိုင်းကိုမေးခွန်းတွေမေးကာ ရယ်မောနေကြရင်း သူတို့ဝိုင်းလေးမှာ အချောအလှများစုနေသဖြင့် club တစ်ခုလုံး၏အာရုံစိုက်ခြင်းခံရသည်။
Jasper ကတော့ မေးခွန်းတိုင်းကိုမဖြေဘဲ သောက်သာသောက်သည်။
"Ray ကိုထပ်ကျပြီ ဒီတစ်ခါဘာမေးကြမလဲ"
"Ray မင်းအစာအိမ်ရောဂါကဘယ်လိုစဖြစ်တာလဲ"Ray ထိုမေးခွန်းကိုတုံ့ဆိုင်းနေစဉ် Wine ကအနားကပ်ကာတိုးတိုးပြောလေသည်။
"ကိုကို သောက်ပဲသောက်လိုက်တော့"
Wine ကိုအဆင်ပြေပါတယ်လို့ပြောပြီး Ray အားလုံးကိုလေးလေးနက်နက်ကြည့်လိုက်သည်။
"မင်းတို့အားလုံးက ငါ့သူငယ်ချင်းတွေဖြစ်တဲ့အတွက်ငါပြောပြနိုင်တယ်.......
ငါ...အိပ်ဆေးတွေအများကြီးသောက်ပြီး ကိုယ့်ကိုကိုယ် suicide လုပ်ခဲ့ဖူးတယ်....
ဒါပေမယ့်.. အမြန်ကယ်ခဲ့ကြလို့မသေခဲ့ပေမယ့်...ဆေးတွေရဲ့ဒဏ်ကြောင့်အစာအိမ်ရောဂါဖြစ်ခဲ့တာပဲ.."Jasper အပါအဝင် အားလုံး၏မျက်နှာမှာ အံ့ဩမှုအရိပ်အယောင်များတွေ့ရသည်။
Ray ပုလင်းလေးကိုလှည့်လိုက်ပြီး ကစားပွဲကိုပြန်စလိုက်သည်။
ကစားပွဲလေးကပြန်အသက်ဝင်လာပြီး ရယ်သံများဖြင့်စည်ကားလာသည်။ နောက်တစ်ကြိမ် Ray ကျပြန်တော့ Jasper ထံမှမေးခွန်းထွက်လာသည်။
"ဘာလို့..suicide လုပ်ခဲ့တာလဲ"
တစ်ဝိုင်းလုံးငြိမ်သက်သွားကာ စိတ်ဝင်တစား တိတ်ဆိတ်သွားသည်။
![](https://img.wattpad.com/cover/136330131-288-k988435.jpg)
VOUS LISEZ
The Promise (Completed)
Roman pour AdolescentsNever give a promise if you can't keep ! 🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸 Story about a young man who know how much love is painful.....