အချစ်​ဆိုတာ ခါးတယ်

145 11 1
                                    

Admin ဟာ အချိုကြိုက်​သလို
ကော်​ဖီခါးခါးလည်းကြိုက်​ပါတယ်
Admin FA ဆိုတာ
အစမှာ ​ပြောပြခဲ့ဖူးပြီထင်​တယ်
FA ဆိုတာ ဘာကို​ခေါ်တာလဲမသိ​ပေမဲ့
အမြဲတစ်​​ယောက်​တည်း ဖြစ်​​နေတဲ့လူကို​ခေါ်တာလို့ထင်​မိလို့
Admin က FA ပါလို့ ​ကြွေး​ကြော်​တယ်

ချစ်​သူရည်းစား​တွေ ထားဖူးပါတယ်
အစပိုင်းတုန်းက​တော့ သူတို့ပဲ သည်းသည်းလှုပ်
နောက်​​တော့လည်း ရိုးလာ​တော့
ခြံခုန်​ကြ
ထွက်​​ပြေးကြ
တစ်​ခါမှ ကိုကလွဲရင်​မကြည့်​တဲ့ ချစ်​သူမျိုး မရှိဖူးပါဘူး
ကျ​နော်​မှကျ​နော်​ ဆိုတာမျိုးလည်း မ​တွေ့ဖူးပါဘူး
သူလည်း ဘာသိဘာသာ
ကိုလည်း ​ယောင်​တိ​ယောင်​ချာ
ဒီလိုနဲ့ပဲ rs ​ပေါင်း​သောင်း​ခြောက်​​ထောင်
ပျက်​စီးခဲ့တာကြာ​ပေါ့

ခုချိန်​ကျမှ
အစစ်​အမှန်​ မသိရတဲ့ Roleplayer ဘ၀​ရောက်​မှ
ကျ​နော်​က ချစ်​​ရေးဆိုခံ​နေရတာလား
မယုံပါဘူးဗျာ
ယုံလည်းမယုံရဲဘူး
သူလည်း ​ယောက်ျား​လေး
ကိုလည်း ​ယောက်ျား​လေး
Sotus fan ​တွေမို့လို့ ၀င်​လာခဲ့ကြတာ​လေ
ချစ်​သူရှာဖို့မှမဟုတ်​တာ

မှန်​တာ​ပြော​ကြေးဆို
ကျ​နော်​ Arthit ဘ၀ကို အားကျခဲ့တာမှန်​ပါတယ်
Kongpop လိုချစ်​သူမျိုး လိုချင်​ခဲ့တာလည်း ဟုတ်​တယ်
ဒါ​ပေမဲ့ ခုလိုကြီးက​တော့ တစ်​မျိုးကြီး
စိတ်​ရှုပ်​လာတာလား
ဒါမှမဟုတ်​ စိတ်​တိုတာလား
ငါကလွယ်​လို့ သူကဒီလို​ပြောတာလား

စိတ်​​တွေမငြိမ်​ဘူး
ဘာလုပ်​ရမှန်းလဲမသိဘူး
အဲ့ဒါနဲ့ပဲ
အကူအညီ​တောင်းရ​တော့တာ​ပေါ့

" Bright ငါတိုင်​ပင်​စရာရှိလို့ အားရင်​ လိုင်းတက်​ခဲ့ဦးကွာ "

" ​အေး ဘာလဲ လဒ 
ဘာတိုင်​ပင်​မလို့လဲ "

ချိုသာတာ

" ငါ့ကို Kongpop က ရည်းစားစကား​ပြောလို့ "
" 😨 အဲ့ဒါထူးဆန်းလား မင်းက သူ့ချစ်​သူ​လေ ​ပြောမှာ​ပေါ့ "
" RP မဟုတ်​ဖူး လဒ
PS အရ ​ပြောသွားတာ 😔"
" ဟမ်​ ဘာလဲ ဒီ​ကောင်​​လေးက "
" ​အေး အဲ့ဒါ ငါရှက်​လည်းရှက်​တယ်​ကွာ
ဘာလုပ်​ရမှန်းလည်းမသိ​တော့ဘူး ကူညီဦး ​ဟျောင့်​ "
" ငါသွား​မေးပါဦးမယ်​ကွာ "

Memory ( Completed )Where stories live. Discover now