June 2018
" ဒီနေ့သင်တန်းကို မင်းလိုက်ချင်လား "
" လိုက်မှာပေါ့ "အချိန်က နောက်ကျနေပြီ
သင်တန်းချိန်နီးမှ အိပ်ယာနိုးလာတဲ့ ကိုယ့်ဘာသာပဲ အပြစ်တင်ချင်Bus ကားမှတ်တိုင်မှာ စီးနေကြ ကားက မလာနိုင်သေး
စောင့်ရတာ စိတ်မရှည်တော့ပါ
ကျွန်တော်ရယ် 0062 ရယ် နောက်ကျွန်တော့သူငယ်ချင်းတစ်ယောက်ရယ်ကျွန်တော်လည်း လာရာကားတက်စီးမယ် ကြံရင်း
Bus တစ်စီးထိုးဆိုက်လာတယ်
ကြည့်ရတာ လှည်းတန်းရောက်မယ်ထင်တာပဲ
ရန်ကုန်သားမဟုတ်ပဲ
လူလည်လုပ်ချင်သောပါပဲတက်ပြီပေါ့ သုံးယောက်သား
ကားပေါ်မှာ တစ်ယောက်တစ်နေရာထိုင်ရင်း
ဘာရယ်မဟုတ် လမ်းဘေးကိုငေးကြည့်မှတ်တိုင် ၆ခုလောက်ကျော်လာတော့
ကားတစ်ဖက်ခြမ်းက 0062 ကို စကားလှမ်းပြောဖို့ လှည့်ကြည့်တော့" ......"
သူအိပ်နေတယ်အေးစက်တဲ့ air con bus ရဲ့ ခုံလေးမှာ မှန်နံရံကိုခေါင်းမီပြီး သူအိပ်ပျော်နေခဲ့တယ်
" ချစ်ဖို့ကောင်းလိုက်တာ "
အကျယ်ကြီးမပြောရဲပါဘူး ဒီတိုင်းတိုးတိုးရေရွတ်
သူ့ဆီကနေ ကားလမ်းဘက် မျက်နှာမူမိတော့လမ်းက တစ်မျိုးကြီးပဲ
ငါသွားနေကျလမ်းနဲ့မတူဘူးအီးးးးး ဒါ ကြည့်မြင့်တိုင်ကမ်းနားဈေး ကြီး
ခွီးတဲ့မှပဲ ကားမှားပြီ" ဟျောင့် ထထ ကားမှားစီးလာပြီ
ဒါမဲ့ သွားရမဲ့နေရာမဝေးတော့လို့ taxi စီးသွားရအောင် "
လို့ ကျနော့နောက်ခုံက သူငယ်ချင်းကို ပြောလိုက်တယ်နောက်မှတ်တိုင်ဆင်းဖို့ bell ထတီးရင်း သူငယ်ချင်းက အပေါက်ဝနားမှာမတ်တပ်ရပ်နေပြီ
ကိုယ်တော်ချော က မနိုးဘူးဗျာ
မတတ်နိုင်ဘူး
ချစ်ဖို့ကောင်းအောင်အိပ်နေလည်း နှိုးရမှာပဲ" Kong ... ဟိတ် Kong ဆင်းရတော့မယ် "
လက်မောင်းကိုလှုပ်နှိုးမှ မျက်လုံးဖွင့်လာဖော်ရတယ်
" ရောက်ပြီလို့လား Oon "
" မရောက်သေးဘူး ဒါပေမဲ့ ကားမှားစီးလာလို့ ဒီကနေ ဆင်းရမယ် "သူ့မျက်နှာက ချက်ချင်း ပြောင်းသွားတာများ
" မရယ်နဲ့ မှားနေမှန်းတောင် ငါသိလိုက်သေးတာပဲ "
ဟုတ်တယ် စဖို့မစဉ်းစားနဲ့
မင်းကိုလမ်းမလျှောက်ခိုင်းတာ ကံကောင်းလို့မှတ်ဒီလိုနဲ့ လမ်းတစ်ဖက်ကိုကူး
ကျွန်တော်ဟာ ကလေးအဖေကြီးလိုပါပဲ
သူငယ်ချင်းကတစ်ဖက်ဆွဲ သူကတစ်ဖက်ဆွဲ
သုံးယောက်တွဲ ကြီးလမ်းကူးပါရော
Taxi လေးတော့ရပါရဲ့
သင်တန်းချိန်ကျော်သွားလေပြီ
ကံကောင်းပုံများ မီးပျက်နေလို့
သင်တန်းဖျက်သတဲ့
အဲ့တော့ ဘယ်ရောက်သွားလဲ
လှည်းတန်းဈေးနဲ့ လှည်းတန်းcenter ပေါ့ထိုနေ့က အင်မတန် ပူပြီး ချွေးတွေထွက်ရပေမဲ့
သူ့လက်ကို မလွှတ်ခဲ့ဘူးအများအမြင်မှာ ဘယ်လိုတွေဖြစ်နေမလဲ ကျွန်တော်ဂရုမစိုက်ခဲ့သလို
ရာသီအကူးအပြောင်းမှာ ခြောက်သွေ့နေတဲ့
သူ့နှုတ်ခမ်းတွေကို လှည်းတန်းဈေးရှေ့
lip balm ဆိုးပေးခဲ့မိသေး၏။
YOU ARE READING
Memory ( Completed )
Non-Fiction- Roleplayer ဘ၀ - ဒီ memory လေးက သူ့အတွက် ကျွန်တော်အပေးနိုင်ဆုံး လက်ဆောင်ပါ - ဖတ်ရှုပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် - ဖြစ်နိုင်ရင် ပြန်ဆုံချင်ပါသေးရဲ့