0062 is calling

143 6 0
                                    

🎵 အ​နေ​ဝေးလို့​သွေး​အေးသွားတယ်​လို့ ထင်​လိမ့်​မယ်​🎵

🎵တကယ်​​တော့ ကြိုးစားပြီး​မေ့ခဲ့ရတယ်​ 🎵

🎵ပြန်​လည်​ပြီးလှည့်​မကြည့်​ရဲတဲ့ 🎵

🎵တစ်​ချိန်​က တို့အတိတ်​မှာ....🎵

" Hello P'Arthit "
" ......... "
" Hello "
" ........"

ဟက်​တက်​ကွဲရာ ဖုန်း screen ​ပေါ်မှာ ​ပေါ်​နေခဲ့တဲ့ 0062.....
သူ့အတွက်​ သီးသန့်​ Ringtone " စာ "

အသံကြားကတည်းက ဘယ်​သူ​ခေါ်မှန်းသိရဲ့....
မ​နေ့ကလည်း အိပ်​မက်​မက်​ထား​တော့
သူများ ကျ​နော့အိပ်​မက်​အ​ကြောင်းသိလို့
ဖုန်း​ခေါ်လာ​လေသလား............

မ​နေ့က သူ​ရောက်​လာခဲ့တယ်​ဆိုတဲ့ အဖြစ်​အပျက်​က ကျ​နော့ရဲ့ ​ဆောင်းအိပ်​မက်​​လေးဆို​တော့.......

အခု သူ ဖုန်း​ခေါ်တာ​တော့ တကယ်​ဟုတ်​မှာပါ​နော်​.......

ပျော်​ရမလား ငိုရမလား မ​ဝေခွဲနိုင်​....
ခုချိန်​စိတ်​ထဲမှာ သူ့အသံပဲ ကြားချင်​စိတ်​ကကြီးစိုး​နေ​လေ​တော့......

အသာအယာ ဖုန်းရဲ့ အစိမ်း​ရောင်​ခလုတ်​ဆီ ပွတ်​ဆွဲရင်း
နားဆီကပ်​ဆွဲမိတဲ့ဖုန်းကို နှလုံးသားနဲ့ နား​ထောင်​ဖြစ်​............

" Hello P'Arthit "

သူဟာ အရင်​လို Oon လို့​တောင်​ မ​ခေါ်​လေ​တော့.....

ထူးချင်​ပါရဲ့ အသံက မထွက်​ .......

" Hello ကြားရဲ့လား P' "
" Who is it? "

what the....... ဘာလို့အဲ့လိုပြန်​​မေးလိုက်​မိပါလိမ့်​ .....
ဒီလိုမဟုတ်​ဖူး​လေ ကျ​နော့စိတ်​ထဲက ​တကယ်​​ပြောချင်​တာက အဲ့လိုမဟုတ်​ဘူး​လေ ......

' လွမ်း​နေတာ လွမ်း​နေခဲ့တာ ' လို့ ​ပြောရမှာ​လေ

" ဟင်​ P' ကျ​နော်​​လေ ကျ​နော့အသံကြားရလား "
" Who? Why do you call me? "

သေလိုက်​ပါ​တော့ Arthit ရာ
အဲ့လို​ပြောရင်​ ဟိုက မင်းကို ပြန်​​ဖြေမလားအရူးရ

" ကျ​နော်​သိပါပြီ P ကျ​နော့ကို ခုထိစကား​ပြောချင်​စိတ်​ရှိ​သေးဘူးပဲကို ကျ​နော်​နားလည်​ပြီမို့ မဆက်​​တော့ပါဘူး "

တီ ခနဲ ကျသွားတဲ့ ဖုန်းသံ​နောက်​မှာ
မ​ပြောဖြစ်​လိုက်​တဲ့ စကားလုံး​တွေဟာ
အလုံးအရင်းနဲ့ကို ပြည့်​သိပ်​လို့....
ကျသွားတဲ့ ဖုန်းကို နားနားက​နေ မခွာ​သေးပဲ
သူမကြားမှန်းသိရက်​နဲ့ ​ပြော​နေမိတာက .....

" ငါ​ပျော်​တယ်​ မင်းအသံကြားရလို့ ​ပျော်​တယ်
ငါလွမ်းတယ်​ မင်းအသံကြားရရင်​ပိုလွမ်းတယ်​ "

မငိုမိ​အောင်​ မျက်​လုံးကိုစုံမှိတ်​ချ
ထိန်းထားရင်း မိုးသံကြားတယ်​..
ဟုတ်​တယ်​ မိုးရွာတယ်​....
ကျ​နော့်​တစ်​ကိုယ်​လုံး မိုး​ရေစိုရွှဲလို့......

ပြီး​တော့ တံခါး​ခေါက်​သံကြားတယ်
.
.
.
.
.
.
.

" ငယ်​​လေး အိမ်​​ရှေ့မှာ မင်းတပည့်​​တွေ​ရောက်​​နေပြီ စာသင်​ဖို့​ခေါ်ထားပြီး အိပ်​​နေရသလား
အိပ်​ယာထ​တော့  ငပျင်း​ကောင်​​လေး "

ကျ​နော့်​​မွေးချင်းရဲ့ အသံ....

ပိတ်​ချထားတဲ့ မျက်​လုံး​တွေဖွင့်​ကြည့်​မိ​တော့
ကျ​နော်​ဟာ ခုထိ အိပ်​ခန်းထဲမှာရှိတုန်းပါ..

အပြင်​က မိုးသံ​တွေကြားတယ်​.....

မိုးက​တော့ တကယ်​ရွာ​နေတယ်
ဒါ​ပေမဲ့ သူ​ခေါ်ဆိုခဲ့တဲ့ ဖုန်း​လေးက​တော့ တကယ်​မဟုတ်​ခဲ့ဘူး

စာကြည့်​စားပွဲ​ပေါ်က ဖုန်းက​တော့ ​ခေါ်သူမဲ့...
Notification alarm မီး​လေး​တောင်​ လင်းမ​နေခဲ့..............

ဆောင်းအိပ်​မက်​​လေးရယ်
ပြီးဆုံးပါ​တော့လား...........

Memory ( Completed )Where stories live. Discover now