တစ်ခါက January, 2019
အိပ်မပျော်နိုင်သေးဘူး
သူမမေ့လောက်ပါဘူးနော်
ဖုန်းလေးကိုဖွင့်ကြည့်မိတော့
11:55 PM၅မိနစ်တောင်လိုပါသေးတယ်
သူပို့မှာပါ
မပို့ရင်ရော.....သူနဲ့စကားမပြောဖြစ်တာတောင်ကြာပေါ့
ရန်ဖြစ်စရာ အကြောင်း အရင်း ပိစိလေး
ဘယ်ကထွက်ပေါ်လာရပါလိမ့်
တစ်ယောက်နဲ့တစ်ယောက် အတ္တတွေထားပြီး
သူမချော့ ကိုယ်မလျှော့ လုပ်နေခဲ့တာ
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ်ဒါပေမဲ့ မနက်ဖြန်က ကျွန်တော့မွေးနေ့လေ
သူ ဆုတောင်းတော့ပေးမှာပါနော်
သူကျွန်တော့ကို အရမ်းချစ်တာ သိတယ်လေ
ဒါကြောင့် သူပေးလောက်မှာပါနော်အိမ်ရှေ့ခန်းက နာရီသံက
ညနက်နက်တိတ်တိတ်မှာ တစ်ချက်ချက် သွားနေတုန်းပဲအခန်းဘေးက မီးဖိုခန်း ဘေစင်မှာလည်း
ရေကျသံ တစ်တောက်တောက်က
အိပ်မရတဲ့ ကျွန်တော့အတွက်
ခြောက်ခြားစရာတောင်ကောင်းနေသေးဘေးကခုံပေါ် ပြန်တင်ထားတဲ့ ဖုန်းကိုယူကြည့်မိတယ်
11:59 PMရင်က တဒိတ်ဒိတ်ခုန်လာတယ်
နောက်တစ်မိနစ်ဆို ကျွန်တော့မွေးနေ့ရောက်ပြီ
ကျွန်တော့်အသက် ၂၃ နှစ် ပြည့်ပြီPhone Screen ပေါ်က ၉ဂဏန်းလေးက
0 ကိုပြောင်းသွားချိန်မှာ
မရည်ရွယ်ပါပဲ ကျွန်တော့်မျက်ရည်တစ်စက်က
ထောက်ခနဲမဟုတ်ဘူး မဖြစ်နိုင်ဘူး
တစ်ညလုံး ဖုန်းကိုဖွင့်ဖွင့်ကြည့်ရင်း
မနက်၆နာရီသာ ရှိသွားတယ်
no birthday wishAww.........
တစ်ဖက်ကတွေးမိပြန်တယ်
သူအိပ်ပျော်သွားလို့နေမှာတစ်နေကုန်အချိန်ရှိသေးတာပဲ
ဟုတ်တယ် ပို့မှာပါ.
.
.
.
.ည 11:59 PM
နောက်ဆုံးအချိန်ထိ No incoming
သိလိုက်ပါပြီ
မင်းကောက်နေခဲ့တဲ့ စိတ်ထက်
ငါက ဘာမှ ပိုအရေးမကြီးဘူးတဲ့လား
.
.
.
.
.
.
.
.
.
.
.
.
.
.
မွေးနေ့ပြီးလို့ ၂လလောက်ကြာခါမှ
သူနဲ့ စကားတွေပြန်ပြောမိရင်း မေးမိတယ်
ဘာလို့ ကျွန်တော့်ဆီ Wish လေးတောင်မပို့ရတာလဲ လို့ပေါ့လက်ဆောင်ပို့တာမပို့တာ ကျွန်တော် မပြောလိုပါဘူး
wish လေးတစ်ခုတောင်မပို့ရလောက်အောင်
ကျွန်တော်က......." မပို့ချင်ပါဘူး " တဲ့လေ
" လက်ဆောင်က မနှစ်ကတည်းက ကြိုပြင်ထားတာ သိတယ်မလား ဒါပေမဲ့ ကျွန်တော်အဲ့ချိန်က အရမ်းစိတ်တိုနေတာလေ ကျွန်တော် လက်ဆောင်ပို့ဖို့ စာတိုက်ကို သွားခဲ့တယ် လမ်းတစ်ဝက်ကနေ ပြန်လှည့်သွားတာ "
သြော် လမ်းတစ်ဝက်ကနေ ပြန်လှည့်သွားတာတဲ့လား
" အလုပ်ချိန်က လည်းရှိသေးတယ်လေ "
ဟုတ်သား သူမှမအားတာ
ဟုတ်တယ် သူမအားလို့ မပို့တာဒါပေမဲ့လည်း ရင်ကတော့ နာတာပါပဲ
မပို့တာကို မပြောလိုပါဘူး
မသွားတာကိုလည်း မပြောလိုဘူးလမ်းတစ်ဝက်ကတဲ့လား
YOU ARE READING
Memory ( Completed )
Non-Fiction- Roleplayer ဘ၀ - ဒီ memory လေးက သူ့အတွက် ကျွန်တော်အပေးနိုင်ဆုံး လက်ဆောင်ပါ - ဖတ်ရှုပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် - ဖြစ်နိုင်ရင် ပြန်ဆုံချင်ပါသေးရဲ့