not an update. its today

103 4 1
                                    

အမှတ်​မရှိတဲ့ မာနဟာ
အချစ်​နဲ့ပတ်​သက်​ရင်​ ပြန်​ဦး​မော့လာတယ်

ဒီ​နေ့ဟာ Admin အရမ်းပင်​ပန်းရတဲ့​နေ့
admin ​ကျောင်းစာ​တွေထဲ တစ်​​နေကုန်​​ခေါင်းနှစ်​ထားရ​တော့
ခေါင်း​တွေ​ပေါက်​ထွက်​မတတ်​ပဲ

သူ့အား​ပေးစကားလဲ လိုချင်​တယ်
သူဖက်​​ပေးထားတာလည်း လိုချင်​တယ်
သူ့ကိုလွမ်းတယ်

အစက ကျ​နော်​ သူ့ကိုစ​နောက်​​နေတာ
ဒါ​ပေမဲ့
သူ့ကို ကျ​နော်​ အရမ်းလွမ်းလာတယ်

ကျ​နော်​သူ့ကို တစ်​​နေ့ စွန့်​လွှတ်​​ပေးရမှာ သိတယ်
ကျ​နော်​ အတ္တကင်းကင်းနဲ့ စွန့်​လွှတ်​နိုင်​ပါ့မလား

လူ့သဘာဝအ​ကြောင်းကျ​နော်​ ​ပြောပြမိတယ်
ကျ​နော်​သူ့ကိုချစ်​ခဲ့တာ
ဘာလိုချင်​မှုမှ မရှိဘူး
လိုချင်​တပ်​မက်​မှု ရှိရင်​ ကျ​နော်​ချစ်​သူမလိုပါဘူး
ကျ​နော့မှာ အစွမ်းအစရှိတယ်
ကိုယ့်​​ခြေ​ထောက်​​ပေါ်ကိုရပ်​နိုင်​တယ်

သူ့ကို လူ​တွေအ​ကြောင်း​ပြော​ပြ​တော့
သူဟာ ကျ​နော်​အရင်​​တွေ့ဖူးတဲ့လူ​တွေနဲ့ မတူ​ကြောင်း​ပြောပြလာတယ်
ကျ​နော်​သိပါတယ်
ဒါ​ပေမဲ့
လူဆိုတာ ​ပြောင်းလဲတတ်​တယ်

အချစ်​ဆိုတာ တစ်​သက်​လုံး မ​ပြောင်းလဲဘူးဆိုတာ
လုံးဝမရှိဘူး​လေ

သူ့ကိုအမြဲစိတ်​ညစ်​​အောင်​လုပ်​တဲ့ကျ​နော်
သူ့ကိုအမြဲအနိုင်​ယူတဲ့ကျ​နော်

ကျ​နော့ကို ဘာလုပ်​လုပ်​ရတယ်
အော်​ထုတ်​ချင်​သလား
စိတ်​တိုချင်​သလား
စိတ်​ပျက်​ချင်​သလား

မချစ်​ဘူး​မ​ပြောရင်​ ရပြီ​လေ

ငိုချင်​​နေတဲ့အချိန်​မှာ စကားမ​ပြောချင်​ဘူး
ကိုဟာ စိတ်​မာချင်​​ယောင်​​ဆောင်​တဲ့
စိတ်​​ပျော့တဲ့လူမို့လို့

ကိုငိုမှာကို မင်းမကြား​စေရဘူး

ကိုဘယ်​မှထွက်​မသွားပါဘူး

မင်းဟာ ကို့အ​ပေါ် အခုထိ​တော့ စိတ်​မပျက်​​သေးဘူးတဲ့​နော်
တစ်​​နေ့စိတ်​ပျက်​​ကောင်းစိတ်​ပျက်​လာနိုင်​တာ​ပေါ့

အရမ်းချစ်​တယ်

မင်းအချစ်​ကို မယုံရင်​ ဒီ​နေ့ဆိုတာရှိလာမှာမဟုတ်​ဖူး

ကို့အချစ်​ကို မယုံရင်​လည်း ရပါတယ်

ကိုဟာ မင်းကို ချစ်​​နေတုန်းမို့လို့

Memory ( Completed )Where stories live. Discover now