စာရေးရတာလွယ်တဲ့အလုပ်မဟုတ်မှန်း
ကျနော်လည်းသိပါတယ်
ကျနော် ကိုယ်ရေးကိုယ်တာကြောင့်
စာရေးတာနားဖို့ထိ စဉ်းစားခဲ့ပါတယ်ဖတ်မဲ့သူမျှော်ကိုးပြီး ရေးခဲ့တာမဟုတ်တဲ့
Memory ဟာ
ကျနော်ချစ်ရသူတစ်ယောက် ဖတ်စေသား
ဆိုပြီး ရည်ရွယ်ခဲ့တာပါတောင်းလည်းတောင်းပန်ချင်ပါတယ်
အပြောကတော့ကြီးခဲ့တာပေါ့
Roleplayer နဲ့ Personal လုံးဝမရောထွေးစေရဘူးဆိုပြီးဒါပေမဲ့ ချစ်မိသွားတဲ့အခါ
အဲ့စကားဟာ အင်မတန်တာသွားပါတယ်
ကျနော် သူ့ကိုဘာကြောင့်ချစ်မိသွားလဲ ကျနော်မသိဘူးကျနော့ကို အမြဲစတဲ့သူကို စိတ်ဆိုးတယ်
အမြဲမယုံတဲ့သူ့ကို စိတ်ဆိုးတယ်
မချစ်ပါနဲ့ အတန်တန်တားတဲ့ကြားက ချစ်တဲ့သူ့ကို စိတ်ဆိုးတယ်
ကျနော်လျစ်လျူရှုနေပါ့မယ်လို့ပြောပြီး
အမြဲအနားပြန်ပြန်ရောက်လာတဲ့သူ့ကို စိတ်ဆိုးတယ်
စကားနဲ့အပြောမတည်တဲ့သူ့ကို စိတ်ဆိုးတယ်
ကတိမတည်တဲ့သူ့ကို စိတ်ဆိုးတယ်
ခနခနနေမကောင်းဖြစ်တဲ့သူ့ကို စိတ်ဆိုးတယ်
အစပ်မစားနိုင်တဲ့သူ့ကို စိတ်ဆိုးတယ်
ကျနော့စကားနားမထောင်ပဲ ခနခနအတွေးလွန်တဲ့သူ့ကို စိတ်ဆိုးတယ်ဒါပေမဲ့ ကျနော်သူ့ကိုချစ်မိသွားတယ်
အရာအားလုံးဟာ
သူကျနော့ကိုပြောတဲ့ချစ်တယ် ဆိုတဲ့စကားနဲ့တင်
နေထွက်ချိန်မှာပျောက်ကွယ်သွားတဲ့ မြူတွေလို
ကျနော့စိတ်ဆိုးမှုတွေ အရည်ပျော်ရတယ်ကျနော်တောင်းပန်ပါတယ်
လက်တွေ့နဲ့ပြင်ပ
ခွဲမရတဲ့ အခြေအနေမှာတင် သူ့ကိုချစ်မိသွားလို့ကျနော်တောင်းပန်ပါတယ်
Roleplayer ရဲ့ အဓိပ္ပာယ်ပျက်သွားစေခဲ့လို့ကျနော်တောင်းပန်ပါတယ်
Sotus family ဟာ
ကျနော့ real life လို့ သတ်မှတ်ခဲ့လို့ကျနော်တောင်းပန်ပါတယ်
စိတ်မထိန်းနိုင်ခဲ့လို့တောင်းပန်ပါတယ်
ကျနော် သူ့ကို ချစ်ခဲ့မိလို့
YOU ARE READING
Memory ( Completed )
Non-Fiction- Roleplayer ဘ၀ - ဒီ memory လေးက သူ့အတွက် ကျွန်တော်အပေးနိုင်ဆုံး လက်ဆောင်ပါ - ဖတ်ရှုပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် - ဖြစ်နိုင်ရင် ပြန်ဆုံချင်ပါသေးရဲ့