We have future

129 7 1
                                    

*Its not the conversation. Its just Arthit thought.

ကျ​နော်​စာ​တွေဖတ်​တယ်
များ​သောအားဖြင့်
ကျ​နော့ပညာ​ရေးနဲ့ဆိုင်​တာမျိုး

ဒီရက်​ပိုင်း Romance ​တွေ drama ​တွေ ဖတ်​ဖြစ်​တယ်
ကိုယ်​တိုင်​ချစ်​မိရတဲ့လူက
သာမန်​လူတစ်​​ယောက်​မဟုတ်​​လေ​တော့
နည်းလမ်း​တွေရ​အောင်
BL GL အကုန်​ဖတ်​ဖြစ်​တယ်

ကံကပဲ ​ကောင်းသလား ဆိုးသလား
ကျ​နော်​ မခန့်​မှန်းတတ်​​တော့ဘူး
ကျ​နော်​ဖတ်​ဖြစ်​တာက

NO
Ex_pect
ညီ
Innoscence

အစရှိသဖြင့်​ပေါ့

ဒါ​တွေက စာအုပ်​​တွေပါ
ပြင်​ပမှာ တကယ်​ရှိမရှိ ကျ​နော်​မသိဘူး

ကျ​နော်​သိတာက
အကယ်​၍သာ ကျ​နော့မိဘ​တွေသိသွားရင်
ကျ​နော်​တို့ကို လက်​ခံ​ပေးနိုင်​ပါ့မလား
မ​ရေရာပါဘူး

ကျ​နော့မိဘ​တွေဟာ အယူ​တော့မသီးပါဘူး
ဒါ​ပေမဲ့ ကျ​နော်​တို့ကို
မင်းတို့က ဝဋ်​ပါတာလို့​တော့ ​ပြောမှာမဟုတ်​ဖူး
ဆု​တောင်းမှားခဲ့ကြတာလို့ ​ပြောမဲ့သူ​တွေ

ဒီလို​ပြောရုံနဲ့ လက်​ခံ​ပေးမလားဆို​တော့လည်း
ဟင့်​အင်း​နော်
ပါပါးက ကျ​နော်​အိမ်​​ထောင်​မပြုေ​လ​ကောင်း​လေ
ဆိုတဲ့လူ
မာမားက​တော့ မပြုရင်​ သာသနာ့​ဘောင်​ဝင်​ဆိုတဲ့လူ

သူတို့က​လေးသာ ​လိင်​တူတစ်​​ယောက်​နဲ့ ချစ်​ကြိုက်​​နေတယ်​ဆိုတာ သိရင်
ဘယ်​လိုလုပ်​မလဲ
အတင်းအိမ်​​ထောင်​ချ​ပေးမှာလား
ပြောမရဘူး
ဘုန်းကြီး​ကျောင်းပဲ ပို့ပစ်​မလား
မ​ရေရာဘူး
လူသား​တွေချစ်​တာပဲလို့​ပြောပြီး
လက်​ခံ​ပေးမလား
ဒါကပိုမ​သေချာမ​ရေရာဘူး

ကျ​နော့မှာ ​မွေးချင်းတစ်​​ယောက်​ရှိတယ်
သူနဲ့ကျ​နော်​က စိတ်​ချင်းအင်​မတန်​နီးစပ်​တယ်
နီးစပ်​တယ်​ဆို​ပေမဲ့
အကြိုက်​ချင်းတူတာမျိုး မဟုတ်​ဖူး​နော်
သူကြိုက်​သလား မကြိုက်​ဘူးလား
ကျ​နော်​သိသလို
ကျ​နော်​မုန်းသလား ချစ်​သလား သူသိတယ်

သူက LGBT ကို မကန့်​ကွက်​ပါဘူး
ဒါ​ပေမဲ့
သူမကန့်​ကွက်​တဲ့ထဲမှာ ကျ​နော်​​တော့မပါဘူး

Memory ( Completed )Where stories live. Discover now