A - မား ကျနော် ဗိုက်မဆာပါဘူးဆိုဗျာ
Mar - မဆာလည်း လိုက်စား မနက်မနက်ဆို မနက်စာမစားတာဘယ်လောက်ကြာပြီလဲ မင်းရန်ကုန်ကပြန်ရောက်ပြီးမှ အကျင့်တွေပျက်နေတယ်နော် ငယ်လေး
A - 😖😖😖( ခေါင်းကုတ်လျက် ) မားဈေးဆွဲခြင်းကို ကျနော်လိုက်ဆွဲပေးရင် ရတာပဲဗျာ
ကျနော်အဲဆိုင်ထဲ မလိုက်ချင်.......ဟင် သူက...
အမြင်မှားတာလား....
မနေ့ညတုန်းကတောင် သူသာ ကျနော်တို့မြို့ကိုလာခဲ့ရင် ကျနော့ဘွဲ့နှင်းသဘင်ကို သူ့ပါခေါ်သွားချင်ကြောင်း တွေးနေမိခဲ့အခု မျက်စိရှေ့မှာ အရှင်လတ်လတ်...
မဟုတ်ဘူး ကျနော်အမြင်မှားတာ....သူကျနော့ဘက်လှည့်လာတယ်
လှပလွန်းတဲ့မျက်ဝန်းက အရည်လဲ့လျက်...ဘုတ်......ခွပ်
Mar - ငယ်လေး ဘာတွေငေးနေလို့ လက်ကဖုန်းကပြုတ်ကျရတာလဲ ပြင်ထားတာမှမကြာသေးဘူး ထပ်ပျက်ရင် ပြင်လည်းမပြင်ပေးဘူး
အသစ်လည်း မဝယ်ပေးဘူးနော်ကျနော် ဖုန်းလေးကိုကောက်ယူကြည့်တော့
မှန်ကွဲသွားပြီသူက ကျနော့ကိုကြည့်နေတုန်းပဲ
သွားခေါ်လိုက်ရမလား....
သူ့အသိတွေမှ ဒီမှာမရှိတာ သူကျနော့ဆီလိုက်လာတာများလား.......
မဖြစ်နိုင်တာ အဝေးကြီးထိ သူတစ်ယောက်တည်း.....အတွေးကများနေတုန်း မားက ဆိုင်ထဲဝင်သွားပြီ
ကျနော်လည်းချီတုံချတုံဖြစ်ဆဲ.....
မထူးဘူးလေ သူတောင်ရောက်လာခဲ့ပြီးမှပဲ
ကျနော့ဆီလိုက်လာတာမလာတာ နောက်ထားပါ
ဒါကကျနော့မြို့လေ တာဝန်တစ်ရပ်အနေနဲ့ပေါ့
သူ့နားလျှောက်ရင်း သူ့ပုခုံးကို ပုတ်လိုက်မိတယ်
ပြီးတော့ မခေါ်ဖြစ်တာကြာလှပြီဖြစ်သော
သူ့နာမည် ......A - Kong
K - .......
ဘာမှမပြောပဲ ပြူးကြည့်နေတုန်းပဲA- ဒီကိုဘယ်လိုရောက်နေတာလဲ
ငါ့ဆီလိုက်လာတယ်တော့ မပြောနဲ့နော်
K - P'Arthit ကျနော်လွမ်းနေတာ
လွမ်းရတာ မတတ်သာတော့လို့ လိုက်လာမိတာ
တောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့ဗျာ နော်A- 🙂🙂 ငါပြောမိလို့လား စိတ်ဆိုးတယ်လို့
လာခဲ့
K - ....
A - မား ကျနော့အသိတစ်ယောက် ရောက်လာတယ် အိမ်ကိုခေါ်သွားနှင့်မယ်နော် ဈေးဆွဲခြင်းပါ ကျနော်ယူသွားလိုက်မယ် မားစားပြီးမှလိုက်ခဲ့
ကျနော်သွားပြီ မားမားဆီက စကားပြန်ပင်မစောင့်ပဲ အိမ်သို့အပြေးပြန်လာခဲ့တယ်
K - P'Arthit ကျနော်လေ ..
A - မပြောနဲ့ ငါစိတ်မဆိုးပါဘူး
K - P အခုကျတော့ကျနော့ကို စကားပြန်ပြောတယ်နော် ကျနော်Pစကားပြန်မပြောတော့မှာ
ဘယ်လောက်ကြောက်သလဲ သိရက်နဲ့
လုပ်ရက်တယ်နော်
A - ဟို အဲ့တာက.....
K - ရပြီ အခုပြန်ပြောပြီမို့ ရပါပြီ
A - အရူးလေး
K - ဘယ်လိုခေါ်ခေါ်ရပါတယ် P'
ကျနော် လွမ်းနေတာ
A - ငါရောပဲ.....
K - P' ဘာပြောလိုက်တာလဲ ကျနော်မကြားရဘူး
A - ငါရောပဲ မင်းကိုလွမ်းတယ် Kong
K - .....သူဘာမှပြန်မပြောဘူး သူပြုံးတယ်
A - ငါ့ဆီရောက်တုန်း ငါချက်ကျွေးမယ်
မင်းစားနိုင်ပါ့မလား
K - P' ချက်ကျွေးတာမှန်သမျှ ကျနော်စားနိုင်ပါတယ်
လောလောဆယ် ကျနော် အလွမ်းမပြေသေးဘူး
ကျနော် P' ကိုဖက်ထားလို့ရမလား
A- ........ကျနော် လက်နှစ်ဖက်ကို ကားပြီး သူ့ကိုကြိုဆိုမိတယ်
သူဝင်ခိုလာတဲ့ ရင်ခွင်ဟာ အင်မတန်နွေးတယ်
ငါလည်းအလွမ်းမပြေသေးပါဘူး Kong
ကျနော့မျက်ဝန်းကနေ မျက်ရည်တစ်စက် ကျဆင်းတယ် ဒါဟာ နာကျင်ရလို့ကျတာမဟုတ်ပါဘူး
ကျနော့်အလွမ်းအစိုင်အခဲတွေ အရည်ပျော်ကျတာပဲ ဖြစ်မှာပါမျက်ရည်ကိုလက်နဲ့သုတ်မိရင်း မျက်လုံးဖွင့်ကြည့်တော့ ကျနော်ဟာ ခုတင်ထက်မှာ
သူကျနော့အနားမှာ ရှိမနေခဲ့ပါဘူး
ကျနော့်ရဲ့ ဆောင်းအိပ်မက်ကလေးက
လေအဝေ့မှာ လွင့်ပါးပျောက်ပျက်သွားလေပြီလွမ်းတယ် 0062 ငါ့ရဲ့အရူးလေး
YOU ARE READING
Memory ( Completed )
Non-Fiction- Roleplayer ဘ၀ - ဒီ memory လေးက သူ့အတွက် ကျွန်တော်အပေးနိုင်ဆုံး လက်ဆောင်ပါ - ဖတ်ရှုပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် - ဖြစ်နိုင်ရင် ပြန်ဆုံချင်ပါသေးရဲ့