ရုပ်ရှင်ရုံကအပြန် သူငယ်ချင်းတွေက ပါမလာတော့ဘူး
သူတို့က တခြားသူငယ်ချင်းတွေအဆောင်ကို လိုက်အိပ်မှာ
အိမ်ကို သူနဲ့ကျနော် ၂ယောက်တည်းပြန်လာခဲ့ရတယ်" ညနေစာကို ငါချက်ကျွေးတာစားချင်လား
ဝယ်တာစားချင်လား "
" သေချာပေါက် Oon ချက်ကျွေးတာပေါ့ 😋 "
" ကောင်းပြီ ဘာစားချင်လဲ
အသားကတော့ ခေါင်းရင်းအိမ်ကအစ်မဝယ်ပေးထားမှာပဲ "
" Oon ချက်ကျွေးတာအကုန်စားမယ် "
" အပိုမပြောနဲ့ ပြီးတော့မှ အရမ်းစပ်တယ်မစားနိုင်ဘူးဆိုပြီး 😏😏 "
" စားမှာ စပ်လည်းစားမယ် "
" ရူးသလား "
" Oon ကျွေးတာမို့လို့ "
"အသီးအရွက်ကြော်တစ်ခွက်လုပ်ပေးမယ်
ငါနည်းနည်းအစပ်စားချင်လို့ ဖြစ်လား"
" Absolutely Yes"
" ok "လုံးဝအင်း ဆိုတာကလာသေးတယ်
ပြီးမှ စပ်ရင်တော့ ရေတောင်သောက်ဖို့မစဉ်းစားနဲ့ညစာချက်ပြီးမှ ရေချိုး ထမင်းစားဖို့ အစီအစဉ်ဆွဲထားတယ်
သူ့ကို ရေအရင်ချိုးဖို့ ပြောရတာ
ကျနော်လေ အရမ်းပျင်းတာပဲ
ရေထချိုးပါတော့လို့ အခါခါပြောရတာဟာ
လမ်ဘေးဆေးကြော်ငြာသလို
အခေါက်ခေါက်အခါခါပြောလည်း
သူကမတုန်မလှုပ်
အင်း အင်း သာပြောတာ ထိုင်ရာကမထညစာဝိုင်းကူချက်ပေးသလားဆိုတော့လည်းမဟုတ်
သူဟာ ထမင်းပေါင်းအိုးပဲချိတ်တတ်တယ်တဲ့
မဆိုးပါဘူး ထမင်းတော့ချက်တတ်သားပဲအိမ်နဲ့အဝေးမှာ ကျေင်းတက်နေမြဲဖြစ်တဲ့ကျနော်က
အချက်အပြုတ်တော့နည်းနည်းရတယ်
ခင်ဗျားတို့သိပါတယ်
အချက်အပြုတ်ကောင်းတဲ့ ယောက်ျားတစ်ယောက်ဟာ
ဘယ်လောက်ထိ စွဲဆောင်မှုရှိလည်းဆိုတာပေါ့
ထားပါတော့ 😁😁😁😁" Oon မကျက်သေးဘူးလား "
ခုမှအသားချက်ဖို့ ဆီသတ်နေတာ ရှိသေး မကျက်သေးဘူးလားဆိုတော့
ဗိုက်ဆာနေပြီလား သူကရုတ်တရက် ခါးကိုလာထိတဲ့ သူ့လက်
မဟုတ်ဘူး လာထိရုံမကဘူး ဆွဲဖက်လိုက်တာ
ဘာလုပ်တာလဲ ဒီကလေး
ဟင်းချက်နေတာလေ
YOU ARE READING
Memory ( Completed )
Non-Fiction- Roleplayer ဘ၀ - ဒီ memory လေးက သူ့အတွက် ကျွန်တော်အပေးနိုင်ဆုံး လက်ဆောင်ပါ - ဖတ်ရှုပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် - ဖြစ်နိုင်ရင် ပြန်ဆုံချင်ပါသေးရဲ့