ကြယ်​​တွေစုံတဲ့ည

132 7 0
                                    

" Oon "
" ဘာလဲ "
" ကျ​နော့ကို ဘယ်​​တော့မှ အ​ဖြေ​ပေးမှာလဲ "
" ဟမ်​ "
" ဟုတ်​တယ်​​လေ "
" 🙄🙄 "
" ကျ​နော့ကို ချစ်​တယ်​လို့မ​ဖြေ​သေးဘူး "
" 😷😷 "

ဖြေဖို့လို​သေးလို့လား 🤔
ကျ​နော့စိတ်​က သူ့အ​ပေါ် ဘယ်​လိုသ​ဘောထားသလဲ
သူသိတယ်​မဟုတ်​ဖူးလား
ဒီက​လေး ဘာလာ​ကြောင်​​နေတာလဲ

" Aliwa မင်းကို​ဖြေဖို့လိုတာလား "
" အင်း ကျ​နော်​အတွက်​လိုတယ်​ "
" ဘာလဲကွာ "
" ကျ​နော့ကို​ဖြေပါ "
" မင်းမသိလို့​မေး​နေတာလား "
" ကျ​နော်​ဘာကိုသိရမှာလဲ "
" ငါ့အ​ဖြေကို​လေ "
" no "
" မင်းငါ့အ​ပေါ်ဘယ်​လိုသ​ဘောထားလဲ "

မီးပျက်​တဲ့ညမှာ ​လေတစ်​စက်​မှမတိုက်​တဲ့ဘဝ
ပူရအိုက်​ရတဲ့အထဲ ဒီက​လေး ဘာ​တွေလာ​မေး​နေတာလဲ
စိတ်​က​ပေါက်​လာပြီ

" Oon ကို ကျ​နော်​ချစ်​တယ်​​လေ "
" ငါ​ရောပဲ ​လေ "
" အဲ့ဆို​ဖြေ​လေ "
" ​ဖြေပြီးပြီ​လေ "
" ဟာ ဘယ်​မှာ​ဖြေလို့လဲ "
" ခုနကပဲ​လေ "
" လူလည်​ကျပြန်​ပြီ "
" အတူတူပဲ ထပ်​​ဖြေဖို့မလိုဘူး "

လေတိုက်​တယ်​ ဟုတ်​တယ်​ ​လေတိုက်​လာတယ်
လေက​​အေးစိမ့်​စိမ့်​ မိုးနံ့ပါရတယ်
မိုးရွာ​တော့မယ်
" လူလည်​မကျနဲ့ Oon
မိုးရွာလို့ မိုးကြိုးပစ်​သွားမယ်​ "
" အရူး​လေး မိုးကြိုးပစ်​တာ ဘာဖြစ်​လဲ "
" Oon ကိုပစ်​မှာ​လေ "
" ဘာဆိုင်​လို့လဲ "
" Oon က မ​ဖြေပဲ ​ဝေ့လည်​​ကြောင်​ပတ်​ လုပ်​​နေတာကိုး "

😅😅😅😅 အဲ့လိုလုပ်​ရင်​ မိုးကြိုးပစ်​ခံရမယ်​လို့
မင်းကိုဘယ်​သူ​ပြောလဲ
ငါက လိမ်​ညာ​နေတာမှမဟုတ်​တာ
ငါအမှန်​အတိုင်း​ဖြေတာပဲ​လေ

တစ်​ခု​တော့​ကြောက်​တယ်
ကျ​နော်​မိုးခြိမ်းသံကို​ကြောက်​တယ်
ညဘက်​မိုးရွာရင်​ မိုးမခြိမ်​ရင်​ ဖြစ်​တယ်
ကျ​နော်​နဲ့ မိုးကြိုးပစ်​တာနဲ့
နီးနီး​ဝေး​ဝေး
ကျ​နော်​က​ကြောက်​တာပဲ

သူမသိဖို့ပဲ လိုတယ်
တော်​ကြာ ​က​လေးလား လို့အ​ပြောခံ​နေရဦးမယ်

မိုးရွာလာတာနဲ့ ရာသီဥတုက ရုတ်​ခြည်း​အေးလာတယ်
တော်​ပါပြီ သူနဲ့စကားမ​ပြော​တော့ဘူး

နာရီကြည့်​ဖို့ ဖုန်းကိုလှမ်းဖွင့်​​တော့ ၁၁နာရီ
မီးကဘယ်​​တော့မှပြန်​လာမဲ့ပုံမ​ပေါ်ဘူး
အိပ်​တာပဲ​ကောင်းတယ်

" မဟုတ်​တာ​တွေ မ​ပြော​နေနဲ့​တော့
အိပ်​မယ်​ မီးပြန်​လာမှာလည်း မဟုတ်​ဖူး
မိုးရွာ​နေပုံ​ထောက်​ရင်​ "

ကျ​နော်​ ​ဘေးက​စောင်​​လေး ဆွဲယူခြုံလိုက်​​တော့
သူက ကိုယ့်​​စောင်​ကိုမခြုံပဲနဲ့

" ချမ်းမှာစိုးတယ်​ ကျ​နော်​ဖက်​ထား​ပေးမယ်ေ
လ "
ရုပ်​ကိုက ပြုံးစိစိနဲ့
" မလိုဘူး ငါ့မှာ​စောင်​ရှိတယ်​ မချမ်းဘူး "
" မရပါဘူး ကျ​နော့​စောင်​က ​အေးစက်​စက်​ကြီး
တုတူခြုံမယ်​ "

😒😒😒 မင်းအကြံ ငါမသိရင်​ခက်မယ်

" ​တော်​လိုက်​ အိပ်​​တော့ အရူး​လေး "

ကျ​နော်​သူ့ကို​ကျောခိုင်းလိုက်​တယ်
မှားတာပဲ
သူ့လက်​​တွေက ကျ​နော့ခါးကို​ကျော်​ပြီး သိုင်းဖက်​လာတယ်
သူ့ရင်​ခွင်​က ကျ​နော့​ကျောနဲ့ကပ်​ရပ်
နွေးရုံမကဘူး ပူပါပူတယ်

နားရွက်​​နောက်​မှာ ​အသက်​လာရှူ​နေတယ်
Shitttt ဘာလုပ်​တာလဲ

" ​လာမဖက်​နဲ့ ပူတယ်​ "
" လက်​​တွေ​အေး​နေတာကို Oon ကလည်း "

မင်းလာဖက်​လို့ ​အေးလာရတာ​လေ
မင်းဖယ်​လိုက်​ အာ့ဆိုအဆင်​​ပြေပြီ

" မ​အေးဘူး ကိုယ့်​ဘာကိုအိပ်​ပါကွာ "
" ဟင့်​အင်း ​နောက်​ဆို ကျ​နော်​တို့ ဘယ်​​တော့မှ ထပ်​​တွေ့ခွင့်​ရမလဲဆိုတာမ​သေချာဘူး​လေ
ဒီည ဒီလို​လေး အိပ်​ရ​အောင်​ "

ကျ​နော်​သက်​ပြင်းရှိုက်​လိုက်​မိတယ်
သူ​ပြောတာလည်း ဟုတ်​ပါတယ်
ကျ​​နော်​​ရောသူ​ရောက ဧည့်​သည်​​တွေ​လေ
တစ်​ချိန်​မှာ အိမ်​ပြန်​ရမှာ

" Kong "
" အင်​   "
" ငါ​လေ "
" အင်း "
" ခုတည်းက လွမ်း​နေပြီ "
" အင်း
ဟမ်​ ဘာ​ပြောလိုက်​တာ "

ကျ​နော်​သူနဲ့ မျက်​နှာချင်းဆိုင်​လိုက်​တယ်

" စကားများလွန်းတယ်​ ပါးစပ်​ပိတ်​ပြီး အိပ်​​တော့ "

လို့ ​ပြောရင်း သူ့ကို ကျ​နော်​ တိတ်​ခိုင်းလိုက်​တယ်
သူ့မျက်​နှာက​တော့ မှို​တွေရ​နေသလားပဲ

# အဲ့ညဟာ မိုး​တွေ​စွေ​နေခဲ့တယ်
ကြယ်​​တွေက​တော့ ကျ​နော်​တို့အိပ်​မက်​ထဲမှာ​ပေါ့

Memory ( Completed )Where stories live. Discover now