Durian

108 8 1
                                    

" မင်း ဒူးရင်းသီးကြိုက်​လား "

အစမရှိအဆုံးမရှိ ​မေးမိလိုက်​တာက ကျ​နော်

" Oon ဘာ​ပြောလိုက်​တာလဲ "
" မင်း ဒူးရင်းသီးကြိုက်​လား လို့ "

မေးလည်း​မေး သူ့ကိုလက်​ညှိုးညွှန်​ပြလိုက်​တယ်

" မကြိုက်​ဘူး "

အ​ဖြေနဲ့အတူ မျက်​နှာဟာ ရှုံ့မဲ့​နေတာပဲ
ဘာလဲ သူတကယ်​မကြိုက်​ဘူးလား
ကျ​နော်​လည်း ကြို​က်​တယ်​ရယ်​​တော့ မဟုတ်​ပါဘူး
ဒါ​ပေမဲ့ သူ​လောက်​မသိသာပါဘူး

အင်းးးး ကျ​နော်​နိုင်​ကွက်​ရပြီ

" ဒါဆို ည​နေ ဒူးရင်းသီးစားမယ်​ "
" ဟမ်​ ဘာလို့လဲ "
" မင်းမကြိုက်​ဘူးဆိုလို့ "

ပြုံးစိစိနဲ့ကျ​နော့မျက်​နှာကို သူက မျက်​​မှောင်​ကုတ်​ကြည့်​တယ်
မျက်​မှန်​​အောက်​က သူ့မျက်​လုံး​တွေက
အလိုမကျဟန်

" ကျ​နော်​မကြိုက်​တာနဲ့ Oon စားမှာနဲ့
ဆိုင်​လို့လား "
" ဆိုင်​တယ်​ "
" ဘယ်​လိုဆိုင်​တာလဲ "
" မင်း ငါ့အနားမကပ်​​အောင်​လို့ "

ခုမှ သ​ဘော​ပေါက်​သွားဟန်​နဲ့
သူကခပ်​ကြိတ်​ကြိတ်​ရယ်​တယ်

" Oon "
" ဘာလဲ "
" သိပ်​ပညာမပြနဲ့ဗျာ "
" ဘာလို့လဲ ငါဘယ်​မှာ ပညာပြလို့လဲ "

ကျ​နော့သူ့ကို မျက်​လုံးအသာ​စွေပြီး ကြည့်​လိုက်​တယ်

အဲ့ကျမှ သူက ခပ်​ဟဟရယ်​တယ်
အရမ်းကြည့်​​ကောင်း​အောင်​မရယ်​စမ်းနဲ့
ငါတို့အခု လှည်းတန်း​ဈေးလည်​​ကောင်​မှာ​နော်
မင်းကို လူ​တွေကြည့်​​အောင်​လုပ်​​နေတာလား

ကျ​နော်​ အခု သူ့ကိုသဝန်​တို​နေတာ မဟုတ်​ပါဘူး
သူကိုက အရမ်း​ပေါ်ထင်​​အောင်​ လုပ်​​နေတာ
ကြည့်​မရ​တော့ဘူး

" ခု Oon က ကျ​နော့ကို မနမ်းရဘူးလို့
သွယ်​ဝိုက်​​ပြော​နေခဲ့တာပဲ "
" ငါ အဲ့လိုမ​ပြောပါဘူး
ငါ​ပြောခဲ့တာက ဒူးရင်းသီးစားမယ်​ လို့ပဲ
ရိုးရိုး​လေး ​ပြောခဲ့တာ "
" Oon ကျ​နော်​အနံ့မခံနိုင်​တာ သိလို့
သက်​သက်​ညစ်​တာ "
" ငါကမညစ်​ပါဘူး တစ်​​နေ့ ၂ခါ​တောင်​ ​ရေချိုးတာ "
" Oon ​နော်​ ကျ​နော်​မသိဘူး မထင်​နဲ့
ရတယ်​ အဲ့ဒူးရင်းသီးနဲ့ ကျ​နော့ကို
တားလို့ရမယ်​ မထင်​နဲ့ "
" 😅😅😅😅😅😅 "

ဒီတစ်​ခါ ရယ်​မိသူက ကျ​နော်​ပါ
ကျ​နော်​စ​နေခဲ့တာက သူ့အ​ပေါ် အရမ်းသက်​​ရောက်​​နေတယ်

" မြန်​မြန်​​လျှောက်​ကွာ ငါသင်​တန်း၁ချိန်​ရှိတာ
မ​မေ့နဲ့ ထမင်းဆိုင်​ရှာရ​အောင်​ "

---------------------------------------------------------

" Kong "
" အင်း Oon ​ပြော​လေ "
" သကြားလုံးစားမလား "

သူက​တော့ ​တွေး​နေမှာပဲ
အိပ်​ခါနီး ဘာ​တွေလာ​မေး​နေပါလိမ့်​လို့​ပေါ့

ကျ​နော်​ထပ်​​မေးလိုက်​တယ်

" သကြားလုံးစားမလား
ညစာက စပ်​တယ်​​လေ
မင်းမစားနိုင်​ပဲ ​ရေ​တွေလှိမ့်​​သောက်​​နေတာ
ငါ​တွေ့သားပဲ သရက်​သီးခွဲ​ပေးလည်း မင်းမှမထိတာ "
" ကျ​နော်​ စပ်​​တော့စပ်​တယ်
ဒါ​ပေမဲ့ အဲ့ဒါက Oon ချက်​တာ​လေ
ကျ​နော်​ စားနိုင်​​အောင်​ ကြိုးစားမှာ "
" ​တော်​စမ်းပါ ခု သကြားလုံးငုံမလားလို့
မင်းခုထိစပ်​​နေတုန်းမလား "

မင်းနှုတ်​ခမ်း​တွေ ရဲ​နေတုန်းပဲ
စပ်​​နေမှန်း ငါသိပါတယ်

" ​ရော့ မငြင်းနဲ့ "
" ဘာကြီးလဲ Onn သက်​သက်​လုပ်​တာမလား "
" ဘာလဲ ငါ့မှာလဲ ဒီသကြားလုံးပဲ ရှိတာကို "
" Oon 😟 "
" ​ဟေ "
" ကျ​နော်​ ဒူးရင်းသီးမစားမှန်းသိလို့
ကျ​နော့ကို ဒူးရင်းသကြားလုံး လာ​ပေး​နေတာမလား "
" စားကြည့်​ပါကွာ သူက အသီးအရသာနဲ့ မမတူပါဘူး "
" ဟင့်​အင်း "
" တကယ်​မစားဘူးလား "
" အင်း ကျ​နော်​မစပ်​​တော့ဘူး
မစား​တော့ဘူး "
" ငါခွံ့​ကျွေးရင်​​ရော "
" ဟမ်​ "

ကျ​နော်​သကြားလုံးကိုခွာပြီး ငုံလိုက်​တယ်

" မင်းစပ်​​နေတာ ငါသိပါတယ်​ "
" 🙄🙄🙄 "
" စိတ်​မပူပါနဲ့ မင်းမကြိုက်​တဲ့အရသာမျိုး မရ​စေရပါဘူး "

ပြောရင်းနဲ့ ကျ​နော်​သူ့ကို သကြားလုံးခွံ့​ကျွေးခဲ့တယ်
ခုကျ​တော့လည်း သူမကြိုက်​တဲ့ ဒူးရင်းသကြားလုံးမှ ဟုတ်​ပါ​လေစ

# သကြားလုံးက ကျ​နော့မှာ တစ်​လုံးပဲ ကျန်​​တော့တာပါ

Memory ( Completed )Where stories live. Discover now