Sleepy Day

107 5 0
                                    

သူပြန်​သွားခဲ့တဲ့​နေ့က
ူသင်​တန်း​နောက်​ကျခဲ့တယ်
မီးကထပ်​ပျက်​တယ်
Bus ကားတိုးစီး​တော့ ခုံမရဘူး
Aircon က ပျက်​​နေ​တော့
ကား​ပေါ်မှာထိုင်​​နေရင်း မိုးယိုတာခံရတယ်

ထမင်း​ပေါင်းအိုးမီးချိတ်​​တော့
ပလပ်​တပ်​ပြီး မီးမဖွင့်
မကျက်​​သေးလို့ သွားကြည့်​မှ
မီးခလုတ်​ကအပိတ်
မီးခလုတ်​လည်းဖွင့်​လိုက်​​ကော မီးပျက်​​ရော

မီးပြန်​လာတာ​စောင့်​ရင်း ​ကော်​ဖီ​သောက်​ဖို့
Gas မီးဖိုနဲ့ ​ရေ​နွေးတည်​ဖို့ကြည့်​တော့
Gas က အကုန်

အလို အင်​မတန်​အဆင်​​ပြေလိုက်​တဲ့​နေ့​လေးပါလား

နေ့လည်​စာစားချိန်​​လောက်​မှာ ဝင်​လာခဲ့တဲ့ SMS ​လေးကို ပြန်​ကြည့်​​နေမိတယ်

" ကျ​နော်​ ​ရောက်​ပြီ Oon "

ခုထိဘာလို့ဖုန်းဆက်​မလာ​သေးတာလဲ
ရေချိုးပြီးပြီလား ထမင်းစားပြီးပြီလား
နေ​ရော​ကောင်းရဲ့လား
ဘာမှမသိရ

ကျ​နော့ကို လာမဆက်​ခိုင်းနဲ့
ကျ​နော်​က လွမ်း​နေရင်​​တောင်​ ​ချေတဲ့လူမျိုး
သူဆက်​လာမှ ​မေးမယ်

အဲ့​နေ့က ဖုန်းလာပါတယ်

ညဘက်​​စော​စောအိပ်​​ပျော်​သွားခဲ့တာက အမှတ်​တရ​ပေါ့

---------------------------------------------------------
အလုပ်​၆ရက်​ပိတ်​သွားပြီးသကာလ
အလုပ်​နဲ့​ဝေး​နေခဲ့တဲ့ကျ​နော်
မနက်​​စော​စောမနိုးလာခဲ့ဘူး
အလုပ်​ချိန်​နီးမှ ထထိုင်​ခဲ့တယ်

" ငါစက်​ရုံကိုမသွားချင်​ဘူး "
" ဒီ​နေ့ Production အတွက်​ Plant ထဲဆင်းရမှာ​လေ မသွားရင်​ မင်းဘာတတ်​မှာလဲ "
" မတတ်​ချင်​​တော့ဘူး ပျင်းတယ်​ "
" ဟင်​ အခု​ပြော​နေတာ ငါတို့သူငယ်​ချင်း အလုပ်​သရဲမှဟုတ်​ရဲ့လား "
" ဒီ​ကောင်​ဘာဖြစ်​​နေတာလဲ "
" ​အေး​လေ မ​နေ့ကလည်း ငါတို့သွားမ​သောက်​ထားပါဘူး "
" ​ဟျောင့်​ လဒမှိုင်​ မှိုင်​မ​နေနဲ့ "
" ဟုတ်​တယ်​ ထ​ရေချိုး အဓိပ္ပာယ်​မရှိတာ စက်​ရုံမသွားချင်​ဘူးတဲ့ "
" ဒီ​နေ့ထီထိုးမယ်​​ဟေ့ ငါတို့ စာဂျပိုးအလုပ်​သရဲက ပျင်းတဲ့​နေ့မို့လို့ "
" မင်းတို့က​တော့​လေ "
" ​ရေချိုးပြီးဆင်းခဲ့ ​ဟျောင့်
အောက်​ထပ်​က Tea shop က​စောင့်​မယ်​ "
" ချိုစိမ့်​တစ်​ခွက်​ မှာထားနှင့်​ကွာ "

Memory ( Completed )Where stories live. Discover now