ကျနော်ဟာ ဟန်ဆောင်ရတာကြိုက်နှစ်သက်တယ်
ကျနော်ဘာဖြစ်နေသလဲ မသိရင်
စိတ်ဆိုးရပေမဲ့
အဲ့ဒီစိတ်ဆိုးရတဲ့အရသာကို ကြိုက်တယ်
ဘာကြောင့်စိတ်ဆိုးရသလဲ ဆိုတာ မပြောပြချင်ဘူး
ကျနော်ဟာ ကပ်စီးပုတ်လေးပါပြီးတော့ကျနော်ဟာ
သေမလောက် နာကျင်နေရပါစေ
ရူးမတတ် လွမ်းနေရပါစေ
ကိုယ့်ဘက်က လုံးဝစချော့ခြင်းမရှိ
ကိုယ်ဘယ်လောက် ဝမ်းနည်းနေသလဲ ပြသခြင်းမရှိ
ဒါဟာကျနော့ရဲ့ မရှိသင့်တဲ့မာန---------------------------------------------------------
မနေ့က ဖြစ်ပြီးတဲ့ ကတောက်ကဆနောက်မှာ
ကျနော်ဟာ Facebook , Messenger နဲ့ Viber ကို data သုံးခွင့်ပိတ်လိုက်တယ်Instagram , Line နဲ့ Twitter ကိုတော့ဖွင့်ထားတယ်
ကျနော်ဟာ သူ့ကို စောင့်ကြည့်နေမိမှာကြောက်တ်
ကျနော့ဘက်က သူ့ကိုစပြီး စကားပြောမိမှာကိုကြောက်တယ်
သူမချော့ခင် ပျော့သွားမဲ့ စိတ်ဓာတ်ကိုလည်း ကြောက်တယ်Instagram မှာ စကားလာပြောတဲ့သူတွေကို
Kong ကိုကြည့်ထားပေးဖို့တောင်
ပြောမိလေသလားပဲSotus family ကိုတော့
ကျနော်အလုပ်များနေကြောင်း
online မတက်ဖြစ်ကြောင်း
ကြိုပြောပြထားလိုက်တယ်
ဒါကြောင့် သူတို့လည်း လာမမေးပါဘူး
ပြီးတော့ အမြဲတမ်း ရန်ဖြစ်တိုင်း
လိုင်းပိတ် ဖုန်းပိတ် နေတတ်တဲ့ ကျနော်တို့အတွဲကို
နေသားကျနေတာလည်းပါမယ်ထင်တယ်
ထားလိုက်ပါကွာ
ဒီအတွဲက မကြာခင်ပြေလည်သွားမှာပါလို့
သူတို့တွေးထားပုံပါပဲသူဟာ အရင်ကဆို ပြဿ နာတက်ပြီးရင်
ကျနော့ကို မရရအောင် ဆက်သွယ်လေ့ရှိတယ်
အရင်ကစိတ်ဆိုးလွန်းလို့
သူဆက်သွယ်မရအောင်
ဖုန်းပါပိတ်ထားပေမဲ့
ခုတော့ မသိစိတ်က သူများဆက်သွယ်လေမလားဆိုပြီး ဖုန်းတကိုင်ကိုင်မိုးလင်းကတည်းက
ပုံမှန်ကြားနေကြ" MORNING OON "
YOU ARE READING
Memory ( Completed )
Non-Fiction- Roleplayer ဘ၀ - ဒီ memory လေးက သူ့အတွက် ကျွန်တော်အပေးနိုင်ဆုံး လက်ဆောင်ပါ - ဖတ်ရှုပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် - ဖြစ်နိုင်ရင် ပြန်ဆုံချင်ပါသေးရဲ့