ဒါဟာအချစ်​လား

118 10 1
                                    

သင်္ကြန်​ကာလလည်းပြီးသွားပြီ
လက်​တ​လော အဆင်​​ပြေ​အောင်​​နေဖြစ်​ပါတယ်
သူ့ဘာသူဘယ်​လိုချစ်​ချစ်
ကျ​နော်​လည်းသူ့ကိုချစ်​တယ်​​လေ

မဟုတ်​ဖူး ကျ​နော်​​ပြောတာက ဟိုလိုမဟုတ်
ချစ်​တယ်​​လေ အဲ့ဒါ ရိုးရိုး​လေး

ဟာ ရှုပ်​ကုန်​ပြီ
ချစ်​တယ်​ပဲထားပါ​တော့
သူက Arthit ဆိုတဲ့ ကျ​နော့ရဲ့ ချစ်​သူKongpop​လေ
ချစ်​တာ​ပေါ့
ဟုတ်​တယ်​​နော်

ကျ​နော်​​ပြန်​​တွေး​နေမိတယ်
အဲ့​နေ့က ရန်​ဖြစ်​​နေတာထင်​တယ်
မဟုတ်​ဖူး စကားများတာလို့​ပြောရင်​ပိုမှန်​မယ်

ဖြစ်​ရတဲ့အ​ကြောင်းက​တော့ ထုံးစံအတိုင်း
အချစ်​​ရေး
နောက်​ဆုံး ထွက်​သွားမယ်​ဆိုတာနဲ့ အဆုံးသတ်​တာပဲ
ကျ​နော်​တားဖို့ဆင်​​ခြေရှာလို့ကိုမရဘူး
ဘယ်​လို​ပြော​ပြော သူ့ကို ကျ​နော်​ကမချစ်​လို့
သူ့ကိုမကြည့်ဘူး
သူ့အ​ပေါ်ရက်​စက်​နိုင်​တယ်​လို့​ပေါ့

" ​ကောင်းပြီ
မင်းထွက်​ ငါထွက်​ "
" မဟုတ်​ဖူး ကျ​နော်​ပဲထွက်​မှာ "
" မင်းတစ်​​ယောက်​တည်းထွက်​မယ်​ဆိုတာ​တော့ မတရားဘူး 
အဲ့​တော့ မင်းထွက်​ချင်​သပဆို ငါ့ကိုအရင်​သတ်
ငါ့ကို​မေ့သွား တစ်​သက်​စာ​မေ့သွား
ငါ့ကိုမချစ်​ရ​တော့ဘူး
ငါ့နား ဘယ်​လိုမှမလာရဘူး
ငါ့အ​ကြောင်းကို​တောင်​ မ​တွေးရဘူး
ဘယ်​လိုလဲ ဖြစ်​ရဲ့လား
ဒါ​တွေလိုက်​နာနိုင်​မှ ထွက်​ခွင့်​​ပေးမယ်​ "

ကျ​နော်​ ဘယ်​လိုသတ္တိနဲ့ ​ပြောလိုက်​မိတာလဲ
ဒါကြီးက ပိုင်​စိုးပိုင်​နင်း ကျမ​နေဘူးလား
ကျ​နော်​က သူ့ချစ်​သူလိုလို
အာ ဘယ်​လိုအ​တွေးနဲ့ ​ပြောလိုက်​မိရတာလဲ
ဘယ်​လိုပြန်​​ဖြေရှင်းရမလဲ
အ​ရေးထဲ အလိုက်​မသိဘူး
ရင်​ဘတ်​ထဲမှာ ရထား​မောင်း​နေတယ်
အသာစမ်းကြည့်​မိ​တော့ ဆွံ့အ
ကျ​နော်​ရင်​ခုန်​​နေတယ်
ဝန်​ခံသလိုဖြစ်​သွားတဲ့စကားကို
သူရိပ်​မိသွားမလား ကျ​နော်​​ကြောက်​မိ​နေတယ်

" အဲ့လိုမလုပ်​နိုင်​တဲ့လူကို
ရက်​စက်​တာပါ P' ရာ
ကျ​နော်​ မ​လုပ်​နိုင်​မှန်းသိလို့ P' အနိုင်​ကျင့်​တာ "
" ​ဖြေ​လေ "
" ကျ​နော်​ မထွက်​​တော့ပါဘူး "
" ..... "
" ကျ​နော်​အထင်​မှားခဲ့တာပါ
P' လည်း ကျ​နော့အ​ပေါ် ခံစားချက်​တူလိမ့်​မယ်​လို့​လေ
ကျ​နော်​​လောဘကြီးမှန်းသိပါပြီ "

Memory ( Completed )Tempat cerita menjadi hidup. Temukan sekarang