သဝန်​မတိုတတ်​ဘူး 😒

118 5 1
                                    

အလွန်​ဆိုးရွားတဲ့ အလွမ်းဒဏ်​​တွေနဲ့
မျက်​ရည်​ည​တွေ လွန်​​မြောက်​ပြီးတဲ့အခါ
ကျ​နော်​သူ့ကို အရမ်းအ​လျှော့​ပေးခဲ့သလို
သူလည်း အရင်​ကထက်​ အလိုလိုက်​ပါတယ်

အစားအ​သောက်​က​တော့
ခုထိ ​ပေါ့​လျော့တုန်းပဲ

အချိန်​မှန်​မစားတဲ့ လူတစ်​​ယောက်​ဟာ
အရမ်းပင်​ပန်းလာတဲ့အခါ
ဘာခံနိုင်​မှာလဲ
ဆေးခန်းပြဖို့​ပြောတိုင်း
ကျ​နော်​ ​နေ​ကောင်းပါတယ်​ ဆိုတာချည်းပဲ

အေးပါ မင်းပဲသိ မင်းပဲ​နေ​ကောင်း

" ကျ​နော်​ Oon မပြန်​ခင်​ ​နောက်​တစ်​​ခေါက်​ထပ်​လာ​တွေ့မယ်​ ဆိုတာ
အပို​ပြောတာမဟုတ်​ဖူး
တကယ်​​လာ​တွေ့မှာ
ကျ​နော်​လာဖို့အတွက်
မပြတ်​​သေးတဲ့ ​ကျောင်ကိစ္စ​တွေ
ကျ​နော်​အပြီးလုပ်​​နေတာမို့လို့
ဒီရက်​ပိုင်း
Oon ကို ဂရုမစိက်​သလိုဖြစ်​သွားရင်
ကျ​နော့ကို ခွင့်​လွှတ်​ပါ​နော်​ "
" hey hey hey ငါက အဲ့​လောက်​ အလိုက်​မသိတဲ့ ငတုံးလား "
" မဟုတ်​ပါဘူးဗျာ "
" မဟုတ်​ရင်​ အဲ့​လောက်​​ပြောစရာလိုလို့လား
ငါက ​လူမှု​ရေး နားမလည်​တဲ့အ​ကောင်​လား "
" Oon
အဲ့လို​ပြောတာမဟုတ်​ဖူး​လေ
ကျ​နော်​က လိုအပ်​တာ​တွေရှိခဲ့ရင်​ "
" တိတ်​လိုက်​ ငါနားလည်​ပါတယ်​ ငါလည်းလူပဲကို
လူတိုင်းမှာ လူမှု​ရေးဆိုတာရှိတယ်
အလုပ်​ဆိုတာရှိတယ်
အဲ့​တော့ စိတ်​ပူမ​နေနဲ့ "
" ဟုတ်​ စိတ်​ချပါပြီ Oon
အရမ်းချစ်​တယ်​ "
" သိပါတယ်​ "
" အာဘွား 😙 "
" အာဘွား "
" အမ်​ Onn ဘာပြန်​​ပြောလိုက်​တာလဲ "
" ဘာလဲ ဘာ​ပြောလို့လဲ ဘာမှမ​ပြောဘူး
လုပ်​စရာရှိတာသွားလုပ်​ "
" ကျ​နော်​မကြားလိုက်​လို့
တစ်​ခွန်း​လောက်​ ထပ်​​ပြောပြလို့ရမလား "
" မိုက်​ "

---------------------------------------------------------

တစ်​ရက်​​တော့

" Onn ကို ကျ​နော်​​ပြောစရာရှိတယ်​ "
" ဘာလဲ "
" ကျ​နော်​​ပြောမဲ့အရာကို
Onn လုံးဝစိတ်​မဆိုးရဘူး
ဒီအ​ကြောင်းအရာကို ကျ​နော်​မ​ပြောပြလဲရတယ်
ဆို​ပေမဲ့ ​ပြောပြချင်​လို့ "
" စိတ်​မဆိုးရဘူးလား "
" အင်း "
" ဒါဆို စိတ်​ဆိုး​စေမဲ့ အ​ကြေင်းအရာဆို မ​ပြောနဲ့ "
" ဒါ​ပေမဲ့ ​ပြောပြချင်​လို့ "
" ဒါဆို​ပြော​ပေါ့ "
" ​ပြောမယ်​ဗျာ "
" အင်း "
" ကျ​နော်​ ဒီ​နေ့ Oon နဲ့တူတဲ့ တစ်​​ယောက်​ကို
သင်​တန်းမှာ​တွေ့ခဲ့တယ်​ "
" ဟမ်​ "
" ဟုတ်​တယ်​ Oon နဲ့ တစ်​ပုံစံတည်းပဲ
ကျ​နော်​​ငေး​နေမိတာသိလား
သတိလက်​လွတ်​ "
" ​သြော်​ "
" Oon နဲ့မတူတူဆိုလို့ ပါးချိုင့်​ပဲ "
" ​သြော်​ "
" အရမ်းတူတာပဲ Oon ရာ "
" ​သြော်​ "
" အမြွှာလို့​တောင်​ ထင်​တာ "
" ​​​သြော်​ ​တော်​​တော်​​လေး အ​သေးစိတ်​ကို ​လေ့လာခဲ့တယ်​​ပေါ့​လေ "
" တူလွန်းလို့ အံ့သြလို့ပါ "
" အဲ့ဒါနဲ့ပဲ ကြည့်​​နေခဲ့တယ်​​ပေါ့ "
" အင်း "
" ​နောက်​​နေ့လည်း ဆက်​ကြည့်​ "
" ဗျာ "
" မင်းပဲ​ငေး​နေခဲ့တယ်​ဆို သွားကြည့်​လို့ "
" သွားကြည့်​စရာ မရှိ​တော့ပါဘူး "
" ​သြော်​ လွမ်းကျန်​ခဲ့​ရောလား "
" မဟုတ်​ပါဘူး Oon ရ
ကျ​နော်​က တိုက်​ဆိုင်​လို့​ပြောပြတာ
ပြီး​တော့ ကျ​နော်​သူ့ကိုလည်း မကြိုက်​ပါဘူး
သူက အိမ်​​ထောင်​နဲ့ဗျ "
" ​သြော်​ အိမ်​​ထောင်​နဲ့မို့လို့ ​တော်​​သေး "
" Oon "
" ဘာလဲ "
" ကျ​နော့ကို သဝန်​တို​နေတာလား "
" လုံးဝမတိုဘူး "
" မညာပါနဲ့ဗျာ "
" မတိုပါဘူးဆိုကွာ 😒😒😒😒😒 "

Memory ( Completed )Where stories live. Discover now