ဘာလိုလိုနဲ့ ၂ပတ်ရှိပြီ
အလွမ်းနဲ့လည်းနေသားကျသွားပြီ
ပုံမှန်ငပေါလေး ပြန်ဖြစ်သွားပြီ
သူငယ်ချင်းတွေကြားမှာလည်း ပျော်တတ်တဲ့လူငယ်လေးအဖြစ်ပေါ့စကားသိပ်မပြောဖြစ်ကြတာ သိသာလာတယ်
ကျနော့အလုပ်က များလာပြီ
သူလည်း ကျောင်းတစ်ဖက်နဲ့ မအားဘူး
နားလည်တယ်လေ
သူမအားမှန်းသိလို့ အရင်လို ညနက်အောင်စကားထိုင်မပြောဘူး
စောစောအိပ်ဖို့မှာတယ်
နေ့ခင်းတွေဟာ ကျနော့အလုပ်ရှိနေတာဆိုတော့
ဖုန်းသိပ်မသုံးဖြစ်ဘူး
ဖုန်းသုံးတာကို ကန့်ကွက်သလားဆိုတော့
ဟုတ်တယ် ကန့်ကွက်တယ်
ဒါပေမဲ့ တွေ့ရင် ပေါ်ပေါ်ထင်ထင်အပြစ်မဆိုဘူးဗျ
အလုပ်သင်မှတ်တမ်းမှာ တစ်ခါတည်းကိုပါသွားတော့တာပဲထားပါ ဒါကအလုပ်တွင်းကိစ္စ
နေ့စဉ် အလုပ်ထဲပြန်နေသားကျလာတော့
နှလုံးသားရေးရာကတော့ သိပ်မပူနွေးဘူးပေါ့
ဒါက အဝေးရောက်ချစ်သူတွေမှာ
ဖြစ်တတ်တာချည်းပဲ
အရေးကြီးတာက ယုံကြည်နေဖို့ပါပဲ
ကျနော်သူ့ကိုယုံတယ်
အပြည့်အဝယုံထားတယ်တကယ်လို့များ
တကယ်လို့လို့ပြောတာနော်
ဖြစ်လာရင်တော့ ခံစားနိုင်ပါ့မလားဆိုတာမသေချာဘူးတကယ်လို့များ ကျနော့က သူ့ကိုပစ်ထားသလိုဖြစ်နေတဲ့အချိန်မှာ
သူ့ကို ကျနော့ထက် တစ်ယောက်ယောက်ကသာ
ပိုပြီးဂရုစိုက်ပေးလို့ သူ့ကိုပိုချစ်ပေးတဲ့အခါ
သူပျော်နေရင်
သူပျော်နေခဲ့ရင်
ကျနော် သူ့ကိုလွှတ်ထားမိမယ်လို့ထင်လားဗျာကျနော်ခံယူထားတဲ့အချစ်က ရိုးရိုးလေးပါ
နှစ်ယောက်အတူရှိအောင် ကြိုးစားတည်ဆောက်တာ
ပိုင်ဆိုင်ရယူဖို့ကြိုးစားတာကလည်း အချစ်လို့ လက်ခံပေမဲ့
ကျနော့အတွက် အချစ်က
စွန့်ခွာပေးရရင်လည်း တန်ပါတယ်
ပိုင်ဆိုင်ရယူဖို့ထိ လောဘတက်သင့်လားဆိုတော့
ကျနော်ကလည်း လူသားလေ လောဘရှိတာပေါ့
ကျနော်တက်ခဲ့တဲ့လောဘက
သူ့အတွက် မမျှတဘူးဆိုရင်
သူ့ကိုမပျော်စေဘူးဆိုရင်
အဲ့လောဘကိုလည်း သတ်နိုင်ပါတယ်
ကျနော့အတွက် ပိုင်ဆိုင်ရမှအချစ်မဟုတ်ပါဘူး
YOU ARE READING
Memory ( Completed )
Non-Fiction- Roleplayer ဘ၀ - ဒီ memory လေးက သူ့အတွက် ကျွန်တော်အပေးနိုင်ဆုံး လက်ဆောင်ပါ - ဖတ်ရှုပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် - ဖြစ်နိုင်ရင် ပြန်ဆုံချင်ပါသေးရဲ့