ဝမ်းကွဲအစ်မတွေ သိုးမွှေးထိုးနေတာတွေ့တော့
ကျွန်တော်လည်း သူ့အတွက် တစ်ခုခု လုပ်ပေးချင်မိတယ်
ဒါပေမဲ့ ကျွန်တော်မှ မလုပ်တတ်တာ
အဲ့ဒါနဲ့ပဲ အစ်မဝမ်းကွဲကို အပူကပ်ရတော့တာပဲ" မမ ကျွန်တော့်အတွက် တစ်ထည်လောက်ထိုးပေးပါလား"
" မင်းဝတ်ဖို့လား "
" မဟုတ်ပါဘူးဗျာ ဟိုလေ "
" ဘာဖြစ်တုန်း "
" လက်ဆောင်ပေးချင်လို့ "
" ဘယ်သူ့ကိုတုန်း "
" ဘယ်သူ့ကိုဖြစ်ဖြစ်ပေါ့ နော် ထိုးပေးစမ်းပါ မမ ရာ "
" ပေးချင် ကိုယ့်ဘာသာထိုးပေါ့ "
" မတတ်ဘူးလေဗျာ ဈေးကကိုင်သလားမမေးနဲ့ "
" သင်ပေးမယ် "
" ဗျာ "အဲ့ဒါနဲ့ပဲ သင်ဖြစ်သွားတယ်
အခေါက် ၂၀ လောက် ပြန်ဖြုတ်လိုက် ထိုးလိုက်နဲ့ ရိုးရှင်းတဲ့ မာဖလာလေး တစ်ခု ရခဲ့တယ်
ရတာနဲ့ပဲ Memory ထည့်ထားတဲ့ stick လေးတစ်ခုရယ်
လက်ရေးဆိုးဆိုး ကျွန်တော့် စာတစ်စောင်ရယ်စက္ကူ အိတ်ထဲ ထည့်ပြီး စာတိုက်ကို ဒိုးတော့တာပဲ
စာတိုက်ကတော့ အကုန်ထုတ်စစ်နေတော့တာပဲ
stick နဲ့ မာဖလာက အကြောင်းမဟုတ်ဘူး
စာ စာကတော့ အကြောင်းရှိတယ်
စာကို ပိတ်ထားတာမဟုတ်ဖူးလေ
စာက ဒီတိုင်း ဖြန့်ရက်ကြီး
တော်သေးတယ် ဖတ်မကြည့်လို့
မျက်နှာပူပူနဲ့ပဲ စာတိုက်ကနေ ထွက်လာခဲ့လိုက်တယ်ဒါလေးက သူမွေးနေ့မတိုင်ခင် ကြိုပို့တယ် ဆိုပေမဲ့
နောက်ကျချင် ကျသွားနိုင်တယ်
ဘာပဲဖြစ်ဖြစ် ဒါကလက်ဆောင်လေ
ဆုတောင်းကတော့ အချိန်မီရောက်သွားမှာပါသူမပို့ဖြစ်ခဲ့တဲ့ ဆုတောင်းနဲ့ လက်ဆောင်ကို
ကျွန်တော့ဘက်ကတော့ ရောက်အောင်ပို့သွားမှာပါ11:59PM
ဆုတောင်းကို ကြိုရေးပြီး Draft အနေနဲ့ save ထားလိုက်မိတယ်
သူမပို့ပေမဲ့ ကျွန်တော့်ဘက်က ပြန်ပြီး
တစ်ထပ်တည်း မတုံ့ပြန်လိုဘူး
ဘာလို့လဲဆိုတော့
ကျွန်တော်သူ့ကို ချစ်တဲ့အထဲမှာ
မာန နဲ့ အတ္တ မပါပါဘူး2019 April 12:00 AM
Happy Birthday ပါ ကွာ
ရိုးရိုးလေးပဲ ဆုတောင်းပေးလိုက်ပါတယ်ချစ်တယ်
YOU ARE READING
Memory ( Completed )
Non-Fiction- Roleplayer ဘ၀ - ဒီ memory လေးက သူ့အတွက် ကျွန်တော်အပေးနိုင်ဆုံး လက်ဆောင်ပါ - ဖတ်ရှုပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် - ဖြစ်နိုင်ရင် ပြန်ဆုံချင်ပါသေးရဲ့