ပိုင်​ဆိုင်​ရမှအချစ်​မဟုတ်​ဖူး

116 5 1
                                    

ဒုတိယအကြိမ်​ သူလာတဲ့​နေ့

" မင်းဘာမင်း လာချင်​သလိုသာ လာ
ငါလာမကြိုဘူး
တစ်​​နေကုန်​ အပြင်​ထွက်​​နေမယ်​ "
" ကျ​နော်​လာတတ်​သားပဲ
ရောက်​​အောင်​လာမှာ "
" သ​ဘောပဲ ငါက​တော့ လုံးဝလာမကြိုဘူး "
" ရ​အောင်​လာမှာ "

ကျ​နော်​ သူ့ကို ဘာ​ကြောင့်​ စိတ်​တို​နေတယ်​ဆိုတာ ကျ​နော်​မမှတ်​မိ​တော့ဘူး
ကျ​နော်​ ခုလို​ပြော​နေရတာကိုလည်း
မကြိုက်​ဘူး

သွားမကြိုဘူး​တော့ရှိမလားဗျာ
လာမယ်​ဆိုကတည်းက
ကျ​နော်​ သူ့ရင်​ခွင်​ ​ခြေစုံပစ်​ဝင်​ချင်​တာ ကျ​နော်​ပဲရှိတယ်

သွားကြိုပါမယ်​ဆိုမှ
IT Room က ကွန်​ပျူတာစစ်​​ပေး​နေတာ မပြီး​တော့ဘူး
ရောက်​ရင်​​တော့ ဖုန်းဆက်မှာပါ ဆိုပြီး
တွေးထားတယ်

ဖုန်းက အလုပ်​ခန်မှာကျန်​ခဲ့တယ်
လူက​တော့ IT Room မှာ

နာရီကြည့်​မိမှ အလုပ်​ခန်းကို မ​ပြေးရုံတမယ်
( လုပ်​ငန်းခွင်​တွင်း မ​ပြေးရ )
သွားယူပြီးကြည့်​​တော့
misscalled ​တွေ
ကြည့်​​နေရင်း ဖုန်းလာတယ်
ကျ​နော်​ ​ရောက်​ပြီ တဲ့

အင်း ခန​နေ လာခဲ့မယ်
ရုံးဆင်းတာနဲ့
စောင့်​​နေ ဖို့ ​ပြောရင်း

ရုံးကထွက်​ လက်​မှတ်​​တောင်​ မထိုးမိပဲ ​ပြေး​တော့မလို့
ပြီးမှ Taxi တားရင်း အ​ဝေး​ပြေးကို​ပြေးရတယ်
ကျ​နော့သူငယ်​ချင်းက
အလျင်​မလိုစမ်းနဲ့ မင်းကြည့်​ရတာ ပျာယာခတ်​​နေတာပဲတဲ့

ဂရုကိုမစိုက်​တာ

အလျင်​လိုပါမှ အ​နှေးဖြစ်​ ကားပိတ်
အေး ​ကောင်းတယ်

တွေ့ပါပြီ ဦးထုပ်​ငိုက်​ငိုက်​နဲ့​ကောင်​​လေး
သူ့ကြည့်​ရင်​ လူက ဖုန်းထဲ ဝင်​​တော့မလို

---------------------------------------------------------

လွမ်းလွန်းလို့ ​ပြေးဖက်​ချင်​မိတာ
ကျ​နော့မှာသိက္ခာ​တွေ ထိန်းရ

အရင်​လို စကား​တွေ သိပ်​များများမ​ပြောဖြစ်
ကျ​နော်​လည်း အလုပ်​သင်​ကာလပြီးခါနီးဆို​တော့
အလုပ်​ကခပ်​များများ

Memory ( Completed )Tahanan ng mga kuwento. Tumuklas ngayon