မုန်းမေ့လို့မရ

4.7K 286 6
                                    

ဖြူစင်တစ်ယောက် ကိုယ့်အားရှောင်နေသလို ခံစားနေရသည်လို့  မေမဒီ ထင်နေမိလေသည်။

ဟိုတနေ့က  ကောင်းဆက်ကို နဲ့တွေ့ပြီးပြန်လာထဲက ဖြူစင်သည် မိမိအား ရှောင်နေလေသည်။ဘာကြောင့်မှန်း မသိပေမယ့် အရင်လို အသံစာစာလေး မကြားရ၍ နေလို့မပျော်ပေ။တခုခုလိုနေသလို ဟာတာတာဖြစ်နေသည်။

အဲ့နေ့ညပြီး နောက်နေ့မနက်ထဲက ဖြူသည် မိမိ မနိုးခင်စောစောထ၍ ကိုယ်နိုးလာလျှင် အကြောင်းတခုခုပြကာ ထွက်ထွက်သွားတတ်သည်။မေးလျှင်လဲ လိုအပ်တာထက်ပိုမပြောပေ။အလုပ်ရှုပ်ချင်ယောင်ဆောင်နေတတ်သည်။အလုပ်ကပြန်လာလျှင် အဆောင်မရောက်ခင်ထဲက smsပို့ကာ အိပ်တော့မှာမို့ တံခါးစေ့ထားကြောင်းပို့တတ်သည်။

ခုလဲ ပိတ်ရပ်မို့ သူမနဲ့စကားပြောမည်တွေးထား၍ သူမကျူရှင်က ပြန်အလာမျှော်နေမိလေသည်။

"  ဒေါက် ဒေါက် ဒေါက် "

" လာပီ "

မေမဒီ ဖြူ့အားစကားပြောရန် တွေးပြီး တံခါးဖွင့်ပေးလိုက်သည်နှင့် ဖြူတစိယောက် ဖုန်းပြောပြီး ဝင်လာလေသည်။ ဖုန်းအချကို စိတ်ရှည်ရှည်နဲ့သာစောင့်နေမိလေသည်။

့ဖြူတစ်ယောက် စရောက်ထဲက လွယ်အိတ်ချပြီး ပြောနေသည့်အပြောက ၁နာရီကျော်လောက်ရှိနေပြီဖြစ်သည်။မေမဒီသည် လူတစ်ယောက်ကို စောင့်ရသည့်အလုပ်ကို မုန်းပေမယ့် ဖြူအား သည်းခံ၍ စောင့်နေမိလေသည်။

"  အေး ဟယ် အဲ့တစ်ယောက် တော်တော် ချော့ပါ့ ခ်ခ် '"

" ဟေ သူက ငါ့ကြိုက်နေတာ  ဟုတ်လား  ခ်ခ် တော်ပါကွာ "

" အမ် တကယ်လား  လုပ်လိုက်လေ ကြာသလားလို့ "

" အတည်  no no အပျော်ပဲ "

"  ဟမ်  ok ok ဒါပဲနော် နက်ဖြန် လာခေါ်စောင့်နေမယ်  အေးပါအချစ်ရယ် မွ ခ်ခ် "

ဖြူတစ်ယောက် မေမဒီသူ့အားစောင့်နေသည်ကို သိပေမယ့် တမင်စကားတွေဖောင်ဖွဲ့နေချင်းဖြစ်လေသည်။သူ မေမဒီနဲ့ မျက်နှာချင်းမဆိုင်ချင်၍ ဖြစ်သည်။သူမ အား ရှောင်နေလျှင် မေ့သွားမှာပဲဟု တွေးထင်ကာ ရှောင်ဖယ်နေပေမယ့် သူ့မကိုမမေ့တဲ့ အပြင် သူမ အားနီးနီးလေးနဲ့  ဝေးသလိုခံစားရကာ လွမ်းရသည့်ဒဏ်ကပို၍ နာကျင်စွာခံစားနေရလေသည်။

" မုန်းမေ့လို့မရ "   " မုန်းမေ့လို့မရ " Where stories live. Discover now