နောက်တနေ့ ဖြူ တစ်ယောက် ဘာတွေဖြစ်လာမလဲတွေးပူရင်း ချစ်ရသူ စိတ်မပူရအောင် ဟန်ဆောင်ကာ နေနေရလေသည်။
" မ မောနင်း "
" မောနင်း ကလေး "
" ကျောင်းမသွားဘူးလား ကလေး "
" သွားမှာ မ ဖုန်းဆက်နော် "
" အေးပါ ကဲ မ ရေသွားချိုးလိုက်အုံးမယ် "
" ဟုတ် "
မေမဒီတစ်ယောက် ဘာမှမသိရှာပေ။ပုံမှန်လုပ်နေကျ အတိုင်း ရေချိုး အလှပြင် ရုံးသွားလုပ်နေပေမယ့် ဒီနေ့ကျမှ သူ့စိတ်တွေ လေးနေလေသည်။
" ငါ့ စိတ်တွေလေးနေပါလား "
" ဟူးးးး စိတ်ထင်လို့ပါ ဘားမှတွေးမနေနဲ့ ဖိုက်တင်း "
မေမဒီ ကိုယ့်ဘာသာကိုယ် အားတင်းဖို့ ပြောရင်း ရေသွားချိုးလေသည်။
ဖြူ တစ်ယောက် ဒီနေ့ ကျောင်းမသွားချင်ပေ။စိတ်ထဲ တခုခြု့ဖစ်တော့မှာကို ကြောက်နေလေသည်။ ချစ်ရသူ မေမဒီ မရှိလျှင် မဖြစ်ပေ။မေမဒီ့ကို သူ့အသကိလောက်ကိုချစ်သည်။
" ဟူးးးး ဘာတွေဖြစ်လာမလဲ ခုထိတော့ အသံမကြားရသေးဘူး ကိုကြီး သာ အိမ်ကို ပြောလိုက်ရင် ဟင်းးးး မ နဲ့ ငါ့ကို ခွဲကြမှာ ဘယ်လိုလုပ်ရမလဲ "
" မ နဲ့သာ ဝေးရင် ငါသေမှာပဲ ဟင့် မ မ ကရော ငါ့ကို ခွဲသွားမှာလား ဟာ မဖြစ်နိုင်ပါဘူး မ ကတိပေးပြီးသားပဲ ဟုတ်တယ် မေကြီးတို့ လာခွဲရင် မ နဲ့တူတူ အဝေးဆုံးကို ထွက်ပြေးမယ် "
ဖြူ တစ်ယောက် ကုတင်ပေါ်ထိုင်ကာ တစ်ယောက်ထဲ တွေးနေမိလေသည်။
" ကလေး ကလေး "
မေမဒီ ရင်ရှားလေးကို တဘတ်ခြုံကာ ဖြူ့ အားခေါ်နေလေသည်။ဖြူ တစ်ယောက် သူ့ အတွေးနဲ့ သူမို့ မကြား၍ မေမဒီ လက်မောင်းကိုဆွဲလှုပ်ခေါ်လိုက်ရလေသည်။
" ကလေး လို့ "
" ဟင် အော် မ ဘာလဲ "
" ဘာတွေတွေးနေတာလဲ မ ခေါ်နေတာကြာပြီ "
" အော် ဘာရယ်မဟုတ်ပါဘူး ကျောင်းစာ အကြောင်းပါ "
" အော် ပြီးရော "
YOU ARE READING
" မုန်းမေ့လို့မရ " " မုန်းမေ့လို့မရ "
Romance" မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ် ...... " မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ်...