မုန်းမေ့လို့မရ

2.9K 215 15
                                    

ဖြူ တစ်ယောက် ဒီလိုနဲ့  ဒုတိယနှစ် စာမေးပွဲဖြေပြီ ပြည်သို့ပြန်သွားခဲ့လေသည်။စာမေးပွဲပြီးသည့်နေ့က သစ်သစ်ကို မှာစရာရှိတာမှာခဲ့ပြီး ချော့ရသေးသည်။မိမိ ပြန်လာမည့်အကြောင်း ညတိုင်းလိုင်းမှာတွေ့မိအကြောင်း သစ်ကသာ သူ့အချစ်ဆုံး ဖြစ်ကြောင်း ချော့မော့ပြောပြီ သူမပါ ငိုခဲ့ရလေသည်။

ကျောင်းတော်ကြီးကိုနှုတ်ဆက် ချစ်ဆုံး သူငယ်ချင်းကိုနှုတ်ဆက် အဆောင်ကနေ ပြန်ရတော့မည့်ဆိုတာ သိသည်နှင့် တညလုံးလဲ အိပ်မပျော် ချစ်ရသူ နဲ့  အတူနေခဲ့သည့် အချိန်တွေ  ပြန်တွေးရင်း တညလုံးငိုခဲ့ရသည်။ပြန်သည့်နေ့ကြအကုန်နှုတ်ဆက်ပြီး အခန်းလေးပိုပါ နာကျင်စွာ နှုတ်ဆက်လိုက်သည်နှင့် မျက်ရည်က ပေါက်ခနဲ့ ကျလာသည်။

ပြည်ပြန်ရောက်တာ ခုဆို ၁လပြည့်ခဲ့ပြီ သူမ ၁ပတ်လုံး အိမ်ပြင်မထွက် အခန်းအောင်းကာသာနေသည်။ မိဘများနှင့်လဲ မျက်နှာချင်းမဆိုင်ပေ။မလွှဲသာမှသာ တွေ့သည်။ ခုလဲ  အိမ်ကို အန်တီမာလာတို့ လာလည်၍ မကောင်းတတ်လို့ ထွက်ထိုင်ကာ အမေ့အား ဝိုင်းကူညီရလေသည်။

"  သမီးဖြူ  နေမကောင်းဘူးလားကွယ် "

"  ရှင်  အော် ဟုတ် ကောင်းပါတယ်အန်တီ "

အပြုံးလေးနှင့်သာ ညာပြောလိုက်ပြီး ခေါင်းငုံနေတော့ အမေဖြစ်သူက အလိုက်သိစွာပင် သူ့အစား ထပ်ပြောပေးရလေသည်။

"  ဟုတ်တယ် မာလာရေ  ဒီမှာကျောင်းပြန်တတ်ဖို့ ပြောထားလို့ ဖြစ်နေတာ  "

" ဟယ်  ဖြူ လေးက ဟိုမှာ ဆက်မနေတော့ဘူးလား ဘာလို့လဲ  "

"  အော်  ဟုတ်တယ် ကိုယ်တို့လဲ  အသက်ကြီးပြီလေ ကလေးကိုလဲ စိတ်မချဘူး ခုက ခေတ်ကာလ မကောင်းတော့ ဒီမှာပဲ ပြန်တတ်ခိုင်းတော့မို့ "

"  အော် ကောင်းပါတယ် ကိုသန့်စင်ရယ် "

"  ဒါနဲ့  မမာလာ့ သားရော "

"  ဟုတ် သားဒီ စနေပြန်လာလိမ့်မယ် "

"  ဟို ကိုယ်က ကြိုပြီး စကားလာကမ်းတာ "

"  ပြောစရာရှိပြောပါ မမာလာရယ် အားမနာပါနဲ့ "

ဖြူ့ ဖေဖေက စကားကြောင်းပေးလိုက်လေသည်။

" မုန်းမေ့လို့မရ "   " မုန်းမေ့လို့မရ " Donde viven las historias. Descúbrelo ahora