မုန်းမေ့လို့မရ

6.8K 353 4
                                    

ရက်တွေတဖြည်းဖြည်းကုန်ဆုံး လာကာ လအဖြစ်သို့ ကူးပြောင်းလာပြီး ဖြူစင်နဲ့မေမဒီတို့လဲ တစ်စတစ်စနဲ့ ခင်မင်မှုကနေ သံယောဇဉ်ကြိုးလေးတစ်ကြိုး ဖြစ်လာကြလေသည်။ မေမဒီ အပြင်သွားတိုင်း ဖြူစင်တွက်မုန့်တခုခုပါလာတတ်သလို ဖြူစင်တစ်ယောက်ကလဲ သူ့မမမေမဒီတွက် တခုခုပါလာစမြဲဖြစ်လေသည်။

ဖြူစင်တစ်ယောက် သူ့မမမေမဒီပြန်အလာကို မျှော်နေလေသည်။

" ဟူးးးး မမ ကလဲကြာလိုက်တာ ဒီနေ့မှ ဘာများဖြစ်နေလို့ပါလိမ့် "

ဖြူစင်တစ်ယောက် အတွေးပင်မဆုံးသေး မေမဒီအသံကြားလိုက်ရလေသည်။

" ဒေါက် ဒေါက် ဒေါက် ဖြူစင် "

ဖြူစင်လဲပြေးကာ အခန်းတံခါးလာဖွင့်လေသည်။

" မမ ကလဲ ကြာလိုက်တာ ဖြူစင်ကစိတ်ပူနေတာ "

" အော် မမကိုစိတ်ပူတာရောဟုတ်ရဲ့လား မုန့်မပါလာမှာ စိတ်ပူနေတာဟုတ်ဘူးလား ကောင်မလေး "

" အာ မမ ကလဲ ဖြူကတကယ်စိတ်ပူနေတာပါနော် "

" ဟုတ်ပါပြီကွာ့  ဖြူ့အကြိုက် ဘာဂါပါလာတယ် မမကိုအထဲပေးဝင်ပါအုံးကွာ "

" အာ ဟုတ်သား လာလာ မမ "

ဖြူစင်တစ်ယောက် မေမဒီလက်ကခြင်းတောင်းလေးကိုဆွဲကာ ကျန်လက်တဖက်က မေမဒီလက်မောင်းအား ဆွဲခိုကာ အခန်းသို့ ဝင်လာကြလေသည်။

" ရော့ ဖြူ မမတော့ ရေသွားချိုးလိုက်အုံးမယ် "

" ဟုတ် မမ မြန်မြန်သွားချိုး "

အဆောင်နေခြင်းမို့ ရေချိုးခန်း အိမ်သာကို တန်းစီ ကာအသုံးပြုကျရလေသည်။အကုန်လုံး မိန်းမသားတွေမို့ သိပ်အနေမကျပ်ပါ ။

မေမဒီတစ်ယောက် ရေချိုးပြီး သူ့အခန်းသို့ပြန်လာလေသည်။အခန်းထဲရောက်တော့ ဖြူစင်တစ်ယောက် ဘာဂါစားပြီး ဖုန်းသုံးနေလေသည်။မေမဒီလဲ အဝတ်စားလဲကာ ဖြူစင့်ကုတင်မှာပဲ ထိုင်လိုက်လေသည်။

" ဖြူ စာလုပ်အုံးလေ "

" ဟုတ် ညနေက လုပ်ပြီးပြီ မမရဲ့ ဒါနဲ့ မမသိလား "

" အင်း ပြောပါအုံး "

" ဖြူ နေ့လည်က fbမာပုံတင်မို့ ပုံရွေးနေတုန်း ဖြူ သူငယ်ချင်း တစ်ယောာက်က မမပုံမြင်ပြီး ချောတယ်တဲ့ "

" မုန်းမေ့လို့မရ "   " မုန်းမေ့လို့မရ " Donde viven las historias. Descúbrelo ahora