မုန်းမေ့လို့မရ ( သိမ်း )

8.6K 377 72
                                    

ချောင်းသာကမ်းခြေတွင် ဖြူတစ်ယောက် နေဝင်ချိန်ကို ငေးကြည့်ရင်း  တစ်ယောက်ထဲ ငိုနေမိလေသည်။

သစ်သစ် မင်္ဂလာဆောင်နေ့က ဖြစ်ပျက်ခဲ့သမျှ ကိုပြန်တွေးနေမိလေသည်။သူမ  မေမဒီထွက်သွားတာကို ငေးပြီးသာ ကြည့်နေမိလိုက်လေသည်။

တကယ်က  သူမ  မင်္ဂလာမဆောင်ဖြစ်ခှဲုပေ။မင်းခန့်နဲ့  မင်္ဂလာဆောင်သည့် နေ့က  ခန်းမသို့ အသွား ကားအက်စီးဒင့် ဖြစ်ကာ မင်းခန့် ဆုံးသွားလေသည်။အန်တီ မာလာလဲ အရူးတပိုင်းလိုဖြစ်ခဲ့ရပြီး သူမလဲ ထိုနေ့ကမြင်ကွငိးကြောင့် ရူးကြောင်ကြောင် ဖြစ်ခဲ့ရလေသည်။ ထိုနေ့က စပြီး သူမလဲ ၂နှစ်လောက် စိတ်ရောဂါကု ဆရာဝန်နဲ့ ကူသခဲ့ရလေသည်။

အန်တီမာလာကတော့ သူမကို သူ့သားမရှိတော့ပေမယ့် သူ့သမီးတစ်ယောက်လိုသာ ဆက်ချစ်ခဲ့လေသည်။သူမ မိဘတွေကလဲ သူမအဖြစိကို ကြည့်ပြီး စိတ်မကောင်းဖြစ်ကြရလေသည်။သူမ အမေဖြစ်သူဆို သူမ ရူးကြောင်ကြောင်ဖြစ်နေချိန်တွေကဆို ကြည့်ပြီး ငိုနေရသည်သာ  အဖေကတော့ ယောက်ျားလေးမို့ စိတ်မာသော်လည်း နောက်ကွယ်တွင် ကြိတ်ငိုသည်တဲ့။သူမ ပြန်ကောင်းလာတော့ မိဘတွေနဲ့ အကိုဖြစ်သူက သူမကို စိတ်ပျော်သလိုနေဖို့သာ ပြောတော့လေသည်။

ထိုချိန်ကစပြီး သူမ ပုံမှန်ပြန်ဖြစ်လာပြီး  သူမ ဝါသနာပါရာ  တိုးဂိုက် လုပ်လေသည်။ခရီးတွေသွားရတော့ သူမ ပျော်သည်။ဘုရားရောက်လျှင် သုမ ချစ်ရသူမေမဒီနဲ့  မင်းခန့်အတွက် ကုသိုလ်ပြု ဆုတောင်းပေးတတ်လေသည်။မင်းခန့် သည် သူမကို ချစ်ခဲ့ပြီး သူမ သဘော နေပေးခဲ့သူမို့  ချစ်သုအနေနဲ့ မချစ်တောင် မောင်နှမ သူငယ်ချင်းလိုတော့ ချစ်ရလေသည်။

ဒီလိုနဲ့  သစ်သစ် မင်္ဂလာဆောင်ဒင်နာမို့ သုမ လာလည်ရင်း သစ်သစ်နဲ့စကားပြောနေချိန် သူမတို့ဆီ သစိသစ် တူမလေး ရောက်လာ၍ ကလေးချသ်သူပီပီ သူမ ကောက်ချီထားလိုက်လေသည်။ထိုချိန် နောက်က အသံလေး  ဘယ်တော့မှ မေ့မရတဲ့ အသံလေးကြား လိုက်ရ၍ သူမ လန့်သွားရလေသည်။

ဒီလိုနဲ့ သုမ ချစ်ရသု မ က အနားရောက်လာပီး စကားပြောဖြစ်နေတုန်း မ မေးလိုက်ချိန် တိုင်ဆိုင်စွာ ကလေးရဲ့ အဖေ သစ်သစ်အကိုက အားနာပြီး သူ့သမီးလာခေါ်ချင်းဖြစ်သည်။ဒါကို မ က အထင်လွဲသွားကာ ထွက်ပြေးတော့ နောက်ကလိုက်လာပြီး စကားတွေပြောဖြစ်ကြသည်။

" မုန်းမေ့လို့မရ "   " မုန်းမေ့လို့မရ " Tahanan ng mga kuwento. Tumuklas ngayon