မုန်းမေ့လို့မရ

2.8K 178 9
                                    

မေမဒီတစ်ယောက် ညရောက်တော့ သတိရလာလေသည်။

"  အင်းးးး ဟင် "

သူမ သတိရတော့ မျက်လုံးထဲ ပထဆုံး ဝင်လာသည်က အပေါ်က အဖြူရောင် မျက်နှာကျက် နောက် ဆူညံသံတွေ သူမလဲ ဘေးဘီ ဝဲကြည့်လိုက်တော့ သူမလက်ကို ကိုင်ကာ ခေါက်မှောက်အိပ်ပျော်နေသည့်  သူမချစ်ရသူလူသားလေး ဖြူစင်ရယ်ပါ "

"  ဟင် "

သူမ လှုပ်လိုက်၍ ထင်သည့် ဖြူ  နိုးလာလေသည်မို့ မျက်နှာချင်းမဆိုင်ရဲတာနဲ့  အိပ်ချင်ယောင်ဆောင်နေလိုက်လေသည်။

"  အော်  ငါအိပ်ပျော်သွားတာပဲ  ဟူးးးး  မ ရေ  ဖြူ  တောင်းပန်ပါတယ် ဖြူ  ကို မချစ်တော့တောင် သတိတော့ ပြန်ရလာပါတော့ကွာ "

ဖြူ  တစ်ယောက် ငိုသံစွပ်ကာ ပြောလိုက်ပြီး ဖုန်းလေးမြည်လာ၍ ထွက်သွားလေသည်။ဖြူ ထွက်သွားမှ တင်းထားသည့် ကြားက ကျလာသည့် မျက်ရည် စတို့ကို သုတ်လိုက်လေသည်။

"   မ တောင်းပန်ပါတယ် ကလေးရယ်  မ ကို မုန်းလိုက်ပါတော့ မ က ကလေးတွက် ဆူးညောင့် တခုရယ်ပါ  "

သူမ စိတ်ထဲကသာပြောလိုက်ပြီး ပြန်မှေးနေလိုက်လေသည်။လက်က ဆေးသွင်းထားတုန်းမို့ နာကျင်နေပေမယ့် သူမ ရင်ဘတ်ထဲက နာကျင်မှုထက်တော့ ပိုမည်မထင်ပေ။

တဖက်တွင် ဖြူ  တစ်ယောက် ဖုန်းဝင်လာ၍  အပြင်သို့ ထွက်ပြောလိုက်လေသည်။

"  ဟဲလို သစ် ပြော "

"  ဟဲ့   နေ့လည်က နင့်ကို  ကိုမင်းခန့် ဆိုတဲ့ဟိုလူ လာရှာတယ် သူ့ကြည့်ရတာ တခုခုပြောမို့ ထင်တယ် "

"  ဟင် ! ဟုတ်လား နင်ဘာပြောလိုက်လဲ  "

"  ဘာပြောရမလဲ နင်ကျောင်းမလာဘူးပြောလိုက်တာပေါ့ အဆောင်မလာဘူးလား "

"  ဟေ လာလား မသိပါဘူးဟာ "

"  ဟင်  မသိရအောင် နင်ကဘာလုပ်နေလို့လဲ "

"  ညနေက မ နဲ့ စကားများပြီး ငါ အပြင်ကပြန်လာတော့ မ သတိလစ်သွားလို့ ခုဆေးရုံမှာဟာ စိတ်ညစ်တယ် သစ်ရာ ငါ ဘာလုပ်ရမလဲ ဟင့် ဟင့် "

"  ဟဲ့  နင်ငိုနေတာလား ဘာတွေဖြစ်ကြတာလဲဟာ "

"  မ က ငါ့ကို  ငါ့ကို လမ်းခွဲမယ်တဲ့  သူငါ့ကို မချစ်တော့ဘူးတဲ့   ငါ  ငါ ဘာလုပ်ရမလဲ သစ် "

" မုန်းမေ့လို့မရ "   " မုန်းမေ့လို့မရ " Opowieści tętniące życiem. Odkryj je teraz