မေမဒီတစ်ယောက် ကန်တော်င်္ကြီးထဲတွင် ငိုရင်း ခနတာမေ့ချင်၍ spy တွေ ထိုင်သောက်နေမိလေသည်။ သူမ ဘာလုပ်ရမည်နည်း။
ရင်ဖွင့်ရမည့် သူငယ်ချင်း အပေါင်းအသင်းကလဲ သူမတွင်မရှိပေ။ နောက်ဆူံး သူရီဝေလာလေသည်။စိတ်ထဲက လူတစ်ဦးပေါ်လာသည်မို့ သူဖုန်းလေးထုတ်ကာ contacts ထဲက နာမည်လေးတခုကို နှိပ်လိုက်တော့လေသည်။
ဖုန်းဝင်သွားသည်။ တဖက်မှ ထူးသံကြားလိုက်၍ သူ အားကိုးတကြီး ပြန်ထူးလိုက်လေသည်။
" ဟဲလို ကိုကောင်း "
" ဟဲလို မေ ပြောလေ "
" ဟင့် ဟင့် "
" မေ ငိုနေတာလား ဘာလို့လဲ "
" ကိုကောင်း မေ ဘာလုပ်ရမလဲဟင် ဟင့် ဟင့် "
" မေ ဘာဖြစ်တာလဲ ခုဘယ်မှာလဲ "
" မေ ကန်တော်ကြီးမှာ ကရဝိတ်ဘက်က ရေစပ်နားမှာ "
" okok ကိုယ်ခုလာပြီ ခနစောင့်နေ "
မေမဒီ ကောင်းဆက်ကိုနဲ့ phပြောပြီး ချလိုက်လေသည်။ခနနေတော့ သူမ ဖုန်းလေးထပ်မြည့်လာလေသည်။
" ငါ့နားမှာ နင်သာရှိရင် အရာရာ စွန့်လွှတ်နိုင်သွားပြီ ကျန်တာ ငါ့တွက်ဘာမှ ထပ်မလိုတော့ဘူး "
သူမသိလိုက်လေသည်။ဖုန်းပေါ်မှ ကလေးဆိုသည့် နာမည်လေးနဲ့ ဖုန်းအသံက သူ့ကလေးဆီကဆိုတာ သူသိလိုက်လေသည်။
" sry ပါကလေး မ တောင်းပန်ပါတယ် "
သူငိုရင်း phကိုသာကြည့်နေမိလေသည်။ဖုန်းဘေးပြန်ငြိမ်သွားပြီး ထပ်မြည်လာသည်။ သူph ပိတ်ပစ်လိုက်တော့သည်။
သူဘာလုပ်ရမည်နည်း။ခုချိန်မှာ သူနာကျင်နေသည်ကလွဲ၍ သူမသိတော့။
ခနနေတော့ သူ့ဆီ ကောင်းဆက်ကို ရောက်လာလေသည်။
" မေ မေ ဟင် ဘာလို့ အဲ့တာတွေသောက်နေတာလဲကွာ "
" ကိုကောင်း ဟင့်  မေ လေ မေ ဘာလုပ်ရမလဲဟင် ဟင့် ဟင့် "
" မေ ဘာလုပ်ရတော့မလဲ "
" မေ ဒီရင်ဘတ်ထဲက နာတယ် ဟင့် ဟင့် "
အမူးသမားတို့သည် ရီဝေနေချိန် ပို၍ ဝမ်းနည်းတတ်သည်ဆိုလိုပဲ သူမ ကောင်းဆက်ကို အား တွေ့မှ ပိုငိုချင်နေမိလေသည်။
![](https://img.wattpad.com/cover/154341358-288-k925733.jpg)
YOU ARE READING
" မုန်းမေ့လို့မရ " " မုန်းမေ့လို့မရ "
Romance" မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ် ...... " မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ်...