ဖြူတစ်ယောက် ပြည် ကားဂိတ်ရောက်တော့ ကားပေါ်ကဆင်းလိုက်ပြီး အဝတ်စားအိတ်ကို ယူကာ ဟိုငေးဒီငေးနှင့် သူ့မ အိမ်သို့ ဖုန်းဆက်လိုက်လေသည်။
" ဖေကြီး သမီးကားဆိုက်ပြီ ဘယ်မှာလဲ "
" ဖေကြီးလဲအဲ့နားမှာလေ သမီးကဘယ်မှာလဲ "
ဖြူလည်း ဟိုကြည့်ဒီကြည့်ရှာလိုက်လေသည်။ ခနနေတော့ သူမနဲ့ မလှမ်းမကမ်းတွင် တွေ့ပါပြီ သူမ၏အဖေကို ဖြူလဲ လက်လှမ်းပြလိုက်လေသည်။
" ဖေကြီး ဒီမှာ "
" အော် အေးအေး "
လက်ဆွဲအိတ်လေးဆွဲပြီး သူမအဖေနားသို့ ပြေးသွားလိုက်လေသည်။
" ဖေကြီး "
" အမလေး ငါ့သမီးက ရန်ကုန်သူ့ကြီးကို ဖြစ်လို့ လှလာလိုက်တာ "
" အာ ဖေကြီးကလဲ ဒါနဲ့ မေကြီးရော မပါဘူးလား "
" မပါဘူး သမီး မေကြီးက အိမ်မှာ သမီးတွက် သမီးကြိုက်တဲ့ဟင်းတွေချက်နေတယ် "
" ဟာ မိုက်တယ်ကွာ "
" ကဲလာ ပေးအိတ် ဖေကြီးကို "
" ဟုတ် "
သားအဖ၂ယောက် ကားငှားကာ အိမ်ပြန်လာကြလေသည်။အကိုဖြစ်သူက စစ်ဗိုလ်မို့ တာဝန်ကျရာ နယ်သို့ သွားနေ၍မရှိပေ။
သူမ ၏ ချစ်ရသူဆီ ရောက်ခါနီးထဲက smsပို့ထားပြီး အကြောင်းကြားထားလေသည်။
အိမ်ရောက်တော့ ဖြူ အမေ ဒေါ်ခင်ခင်ဖြူ က ကားသံကြား၍ ထွက်ကြိုလေသည်။
" သမီး "
" မေကြီး "
ဖြူ တစ်ယောက် အမေကို ပြေးဖက်လိုက်လေသည်။ခနနေတော့ ခွာလိုက်ပြီး
" မေကြီး နေကောင်းလား "
" အေး သမီး ကောင်းပါတယ် "
" မေကြီး သမီးကတော့ ဟိုရောက်မှ ပိုချောလာတယ် "
" ဟုတ်လား ဟီး "
" ကဲကဲ သားအမိတွေ နောက်မှ စကားပြောကြ "
" သမီးလေးလည်း ပင်ပန်းနေရောပေါါ့ "
" ဟုတ်သား ကဲ သမီး သွားနားချေ "
" ဟုတ် ဖေကြီး အိတ်ပေး "

ESTÁS LEYENDO
" မုန်းမေ့လို့မရ " " မုန်းမေ့လို့မရ "
Romance" မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ် ...... " မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ်...