မုန်းမေ့လို့မရ

4.9K 317 1
                                    

မေမဒီတစ်ယောက်  သူခံစားရသမျှ ဖြူစင့်အား ရင်ဖွင့်သည့်နေမှစ၍ ဖြူစင်သည် သူအားပိုဂရုစိုက်လာသည်။ကောင်းဆက်ကိုကြောင့် ငိုရသည့် မျက်ရည်တွေအား သူမလက်နဲ့သုတ်ပေးခဲ့သည်။၁လရှိခဲ့ပါပြီ သူမကောင်းဆက်ကိုအား မေ့နိုင်သွားပြီး အရင်လို ပြန်ဖြစ်နေပါပီ။

ခုလည်းပိတ်ရက်မို့  ဖြူစင်လျှောက်လည်ရန် ခေါ်နေလေသည်။

"  မမ ရုပ်ရှင်သွားကြည့်မယ်လို့ နော် နော်လို့ မမ "

"  မကြည့်ချင်ပါဘူးကွာ "

" မမ ကလဲ လုပ်ပါ နော်နော် "

" အင်းကွာ ပြီးရော "

" ဟေးးး ဒါမှ တို့မမကွ ရွှတ် "

ဖြူစင်သည် သူလိုချင်တာရသွားသည့်ကလေးငယ်လို လက်ခုပ်လက်ဝါးတီးကာ သူမပါးအားလာနမ်းသွားလေသည်။

ဘာကြောင့်မှန်းရယ်မသိ သူမရင်ထဲ သိမ့်ခနဲ အေးသလို ဖြစ်သွားလေသည်။ ကောင်းဆက်ကို သူမကိုနမ်းတုန်းကတောင် ခုလိုမခံစားခဲ့ရပါပေ။

ဖြူစင်ကြည့်ချင်သည့် သရဲကားအား လက်မှတ်ဖြတ်ကာ ကြည့်ကြလေသည်။ရုံထဲရောက်တုန်းက စကားတပြောပြောနဲ့ တတ်ကြွနေသည့်ကလေးမသည် ဇာတ်လမ်းတဝက်လောက်တွင် ငြိမ်သွားလေတော့သည်။

တချက်တချက် သရဲထွက်လာချိန် သူမကို လက်ဆွဲကာ ရင်ဘတ်ထဲတိုးဝင်လာတတ်လေသည်။သူမလဲ အလိုက်သင့်လေးဖက်ထားပေးခဲ့လေသည်။ထိုကလေးမအား ဖက်ထားချိန် ရင်ဘတ်ထဲက တမျိုးကြီး ခံစားရလေသည်။

ရုပ်ရှင်သည် ကြောက်စရာကောင်း မကောင်းတော့ မေမဒီတစ်ယောက်မသိလိုက်ပါ အတွေးထဲိုထိုကောင်မလေးအား စတွေ့ပုံတွေသာ တွေးနေမိလေသည်။

" မမ မမ မမလို့ "

" ဟင် ဟင် ဖြူ ဘာလဲ "

" ဘာတွေတွေးနေတာလဲ ရုပ်ရှင်ကပြီးနေပြီလေ ထ ပြန်ကြမယ် "

" အော် အေးအေး "

ဖြူစင်သည် မေမဒီလက်လေးဆွဲကာ ရုံပြင်သို့ထွက်လာကြလေသည်။အပြင်ရောက်လို့ အဆောင်သို့လမ်းလျှောက်ပြန်လာကြလေသည်။ရုပ်ရှင်ရုံသည် သူမတို့ အဆောင်နဲ့ သိပ်မဝေးသည်မို့ လမ်းလျှောက်ကာသာ ပြန်လာကြလေသည်။

" မုန်းမေ့လို့မရ "   " မုန်းမေ့လို့မရ " Où les histoires vivent. Découvrez maintenant