ဖြူ တစ်ယောက် ချစ်ရသူမွေနေ့မို့ ဘုရားသွား လျှောက်လည်ရန် ပျော်မြူးနေလေသည်။
" မ ဘုရားဖူးပြီးရင် ရုပ်ရှင်ကြည့်မယ်နော် ပြီးရင် ကစားကွင်းသွားမယ် ပန်းခြံသွားမယ်နော် "
" အင်းပါ ကလေး သဘော ဟုတ်ပြီလား "
" ဟုတ် အဲ့တာတွေချစ်တာ မွ "
ဖြူ တစ်ယောက် အလှပြင်နေသည့် မေမဒီ့ပါးအား ဘေးမထှ်ိရင်း လှမ်းနမ်းလိုက်လေသည်။သူမ ခနခန အဲ့လို နမ်းတတ်ပေမယ့် မေမဒီတွက်တော့ အမြဲလိုလို အနမ်းခံရချိန်တိုင်းက ရင်ထဲ အေးခနဲ ဖြစ်သွားကာ ရင်ခုန်နေရတုန်းပါပဲ။
မေမဒီ ပြုံးကာ အလှဆက်ပြင်လိုက်လေသည်။" မ လှနေပြီလေကွာ တော်တော့ "
" အင်းပါ ခနလေး ပါးနီလေးကျန်သေးလို့ "
" ဟွန်းးးးး ထားပါတော့ ဒီနေ့တနေ့တော့ သည်းခံလိုက်မယ် မွေးနေ့မို့နော် "
" အင်းပါ ကျေးဇူးပါနော် ခ်ခ် "
" မ နော် "
" ဘယ်က မနော်လဲ ကလေး "
" ဟာ မ ငိုမှာနော် "
" ကဲပါ မငိုပါနဲ့နော် စဒါ စဒါ "
မေမဒီပြောရင်း ဖြူ ဘက်လှည့် ကာ ဖြူ လက်လေးကိုင်ပြီး ချော့လိုက်လေသည်။
" ကဲ ထ အဝတ်စားလဲ တော့ "
" မ ကရော "
" လဲမှာလေ လှည့်မကြည့်နက်နော် "
" ဟား ဟား ဟား မ ရယ် ဘာတွေရှက်နေတာလဲ မမြင်ဖူးတာကြ "
" ဟာ ကလေး နော် "
" ဘာလဲ ဖြူ ပြောတာ မဟုတ်လို့လား မ လည်း မိန်းကလေး ဖြူ လဲ မိန်းကလေး တူတူပဲလေ "
" အော် "
" ဘာအော်တာလဲ ဒီကောင်မလေး ဘာတွေ လိုရာဆွဲတွေး နေတာပါလိမ့် "
" ဘာ ဘာကို ဆွဲတွေးရမှာလဲ အဲ့တာပဲ ပြောတာလေ ကဲကဲ လဲတော့ သွား "
မေမဒီ ရှက်ရှက်နဲ့ ဖြူ့ အား တဖက်လှည့်ကာ အဝတ်စားလဲခိုင်းတော့လေသည်။သူမလဲ ဖြူ ဟိုဘက်လှည့်ကာ လဲနေမှ အမြန် လဲရတော့လေသည်။
ESTÁS LEYENDO
" မုန်းမေ့လို့မရ " " မုန်းမေ့လို့မရ "
Romance" မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ် ...... " မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ်...