မုန်းမေ့လို့မရ

4.7K 330 9
                                    

ဖြူတစ်ယောက် မေမဒီကို ဟိုတနေ့ထဲကဖွင့်ပြောလိုက်၍ မျက်နှာပူကာ ရှောင်နေသလို မေမဒီတစ်ယောက်လဲ ဖြူအားရှောင်နေလေသည်။

1ပတ် တစ်ပတ်ဆိုတဲ့ အတိုင်းအတာက ဘယ်လောက်မှ မကြာပါဘူးလို့ပြောကြပေမယ့် သူတို့၂ယောက်တွက်တော့ တပတ်တာရဲ့ညတွေဟာ အလွန်ရှည်လျားနေဘေသလိုထင်မိဆလသည်။

မနက်ဆို မဆုံအောင် ဖြူစင်တစ်ယောက် ကျောင်းအစောကြီးသွားတတ်ပြီး ညဆိုမေမဒီတစ်ယောက် မိုးချုပ်မှပြန်လာကာ တိတ်တိတ်လေး နေကာ အိပ်တတ်လေသည်။မေမဒီ ပြန်လာတာ ဖြူသိသလို ဖြူကျောငိးသွားတာလဲ မေမဒီသိသည်။

မေမဒီတစ်ယောက် ဖြူစင် ဖွင့်ပြောပြီးထဲက အချိန်ပြည့်ဆိုသလို ဖြူစင်ကြောင်းတွေးနေမိသလို မိမိကိုယ်တိုင်လဲ ဘာမှန်းမသိတဲ့ ပျော်သလို ဝမ်းနဲသလို လွမ်းဆွတ်သလို ခံစားနေရလေသည်။ဖြူ နဲ့ရွယ်တူ ကောင်မလေးတွေမြင်တိုင်းလဲ သူမများလားဆို စိတ်လွတ်ကာ လိုက်လိုက် ကြည့်မိသည်။သတိရကာ ပြန်စဉ်းစားမိတော့ မိမိကိုယ်တောင် မိမိ မယုံကြည်မိပေ။

ခုလဲ အလုပ်ကိစ္စနဲ့ အပြင်လာမိတော့ ဖြူနဲ့ ခပ်ဆင်ဆင် ကျောင်းသူလေး၂ယောက်ကို မြင်၍လိုက်ကြည့်မိသေးသည်။

"  ငါ ဘာဖြစိနေတာပါလိမ့် "

"  ဘုရား ဘုရား ငါ ငါလဲ ဖြူလိုများ အို မဖြစ်နိုင်ပါဘူး ဟူတ်တယ် ငါ မိန်ကလေးချင်းကြိုက်စရာလား "

"  ဟုတ်တယ် ငါ က မိန်းကလေး ဒါကြောင့် ယောက်ျားလေးတွေပဲကြိုက်တယ် ဟုတ်တယ် "

မေမဒီ သူကိုယ်သူ ပြောရင်း အားပေးကာ သုံးသပ်နေလေသည်။

သူမ အလုပ်ကိစ္စနဲ့ ချိန်းထားတဲ့ ဆိုင်ရောက်တော့ တဖက်ကဧည့်သည်မလာသေး၍ စားပွဲတွင် ထိုင်ကာစောင့်နေလိုက်လေသည်။

"  ဘာများသုံးဆောင်မလဲ အမ "

"  ကိုလာ တစ်ဗူးပေးပါ  ကျန်တာနောက်မှမှာမယ်နော် "

" ဟုတ်ကဲ့   ခင်ဗျ "

ဝိတ်တာလေး ထွက်သွားပြီး ခနနေတော့ အအေးလာချပေးကာ ပြန်ထွက်သွားလေသည်။

သူမလဲ အအေးကို ခွက်ထဲထည့်ကာ တငုံစုပ်သောက်လိုက်ပြီး ဟိုကြည့် ဒီကြည့် ကြည့်နေတုန်း မြင်ကွင်း တခုကြောင့် ဒေါသများထွက်ကာ အံကျိတ်ပြီး လက်သီးဆုပ်ကာ ထမယ်ကြံတုန်း သူမရှေ့သို့ ယောက်ျား၂ယောက်ရောက်လာလေသည်။

" မုန်းမေ့လို့မရ "   " မုန်းမေ့လို့မရ " Opowieści tętniące życiem. Odkryj je teraz