ဖြူတစ်ယောက် မေ ပြန်အလာကိုသာစောင်နေလေသည်။ဒေါသထွက်ချင်း မယုံကြည်ချင်းတွေနဲ့ဘာလို့လဲဟုသောမေးခွန်းကို မျက်နှာချငိးဆိုင်သာ ပြောချင်မေးချင်သည်။
" မဟုတ်ဘူးလို့ပဲဖြေပေးပါ မ ရယ် ဟင့် "
" မဟုတ်ဘူး မှတ်လားဟင် ဟင့် "
ဖြူ တစ်ကိုယ်ထဲ ငိုရင်းရေရွတ်ကာ ဆုတောင်းနေမိလေသည်။
ခနအကြာ သူမမျှော်နေရသူ မေမဒီရောက်လာလေသည်။
" မ လိုက်ခဲ့ "
မေမဒီ အခန်းထဲရောက်ရောက်ချင်း ဖြူ လက်ကဆွဲကာ အပြင်သို့သွားရန်ပြင်လိုက်စဉ်
" ဘာလဲ ဘာလုပ်တာလဲ လွှတ်စမ်း "
" မ ဒီနေရာမှာ ဘာမှမဖြစ်စေချင် ဖြူ့နောက် အေးဆေးလိုက်ခဲ့ပါ "
" ဘာ ! "
မေမဒီလက်ကို ဆွဲကာ ဖြူ အပြင်သို့ ဆွဲထုတ်လာလေသည်။
အပြင်လမ်းကြား လူသူရှင်းတဲ့နေရာရောက်မှ ဖြူ ကိုင်ထားတဲ့လက်ကို မေမဒီ စောင့်ရုန်းလိုက်လေသည်။
" လွှတ် ရပြီ ဘာပြောမှာလဲပြော "
" ဘာ! အဟက် ဘာသဘောလဲ မ မ ကဖြူ့ကို ခုချိန်ဖြေရှင်းချက်ပေးရမယ်မထင်မိဘူးလား "
" အဟက် မင်းက ငါ့ဆီက ဘာကြားချင်လို့လဲ "
" မ !!!!! "
" မအော်နဲ့ ငါ့ကို "
ဖြူ မေမဒီကို အံသြသင့်သည့် မျက်ဝန်းတွေနဲ့ ကြည့်ကာ ပါးပြင်ထက် မျက်ရည်များက ခုန်ပေါက်ဆင်းလာလေသည်။
ဖြူ မေမဒီ ပုခုံးကို လက်၂ဖက်နဲ့ကိုင်ကာ သေချာကြည့်လိုက်လေသည်။
" မ ! ဘာလို့လဲ ဟမ် "
" "
" ဖြေလေ မ ဘာလို့လဲလို့ ဟင့် ဟင့် "
" ဖြူ က မ ကို သူ့ထက်ပိုမချစ်လို့လား ဂရုစိုက်မစိုက်လို့လား ဟမ် ဘာလို့လဲ ဟမ် ဟင့် ဟင့် "
" မ ပေါ်ဖြူ ဘာတွေ တာဝန်ပျက်ခဲ့လို့လဲ မ ရယ် ဖြူ ဘာတွေမှားနေလို့လဲ ဟင့် ဟင့် "
" လမ်းခွဲရအောင် "
" ဘာ! မ ဘာပြောလိုက်တယ် "

BẠN ĐANG ĐỌC
" မုန်းမေ့လို့မရ " " မုန်းမေ့လို့မရ "
Lãng mạn" မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ် ...... " မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ်...