မုန်းမေ့လို့မရ

3.7K 221 6
                                    

ဖြူ  အိမ်ပြန်ရောက်တာ ဒီနေ့နဲ့ပါဆို ၁ပတ်ရှိပြီ ။ ပြန်ရောက်ထဲက လျှောက်လည်ပတ်သည်။မိဘတွေနဲ့  စကားတွေပြော ကျောင်းကအကြောင်းတွေ  မေမဒီ ရဲ့သဘောကောင်းကြောင်းတွေပြောပြသည်မို့ ဖြူ့ မိဘတွေတောင် မေမဒီ ကို သိနေကြပြီ ။

မေမဒီနဲ့  မနက် နေ့လည်  ည  မေမဒီ အားတဲ့ချိန်တိုင်းစကားပြောကြသညါ။စကားပြောကြတိုင်းလဲ မေမဒီ ငိုလို့ အမြဲချော့ရသည်။

ဖြူ  မေမဒီနဲ့ လိုင်းတွင် ချက်နေတုန်း ဖြူ မေမေ လာခေါ်လေသည်။

"  သမီးရေ  မေမေ ဝင်လာမယ်နော် "

"  ရှင် ဟူတ် မေကြီး "

ဖြူ  မေမေဒီနဲ့ vd call ပြောနေချိန်မို့ ဖုန်းချလိုင်းပိတ်လိုက်လေသည်။

တဖက်က မေမဒီတစ်ယောက် ပြောနေရင်း ဖြူ ရဲ့ ရုတ်တရက် လိုင်းကပျောက်သွား၍ စိတ်ညစ်သွားလေသည်။

"  ဟာ ဘာဖြစ်တာလဲ ကျစ် လိုင်းကစုတ်ပြန်ပြီထင်ပါ့ "

"  out သွားပြီ bill များကုန်သွားလို့လား ဖုန်းဆက်ကြည့်လိုက်မယ် "

ဖြူ ကို ဖုန်းခေါ်သည် ဖြူ ဖုန်းမကိုင်၍ စိတ်ပူကာ ထပ်ခေါ်လေသည်။

"  ကျစ် ကိုင်လေ ဘာဖြစ်နေတာလဲကွာ "

"  ကျစ် "

ဖြူ ဖုန်းက ဝင်ပြီးမကိုင်၍ မေမဒီ ထပ်ကာ ထပ်ကာခေါ်နေမိလေသည်။သူမ ဖြူ ဆီ ဖုန်း ၁၀ ကြိမ် ခန့်ခေါ်ပေမယ့် ဖြူမကိုင် ၍ စိုးရိမ်စိတ်ဖြစ်လာလေသည်။

တဖက်တွင်လည်း  ဖြူ မေမေ တစ်ယောက် သဘက်ခါ သူ့သူငယ်ချင်းသား မွေးနေ့အလှူသို့ ဖြူ အားသွားရမည့် အကြောင်းတွေပြောနေလေသည်။

"  ဖြူ မလိုက်ချင်ဘူး မေကြီး  "

"  မလိုက်လို့ မရဘူး သမီး အန်တီ မာလာက သေချာ ဖိတ်ထားတာ "

" သမီးလေးကိုလဲ မတွေ့တာကြာပြီမို့တဲ့  "

"  ဟွန်းးးးး အင်းပါ "

" အေးအေး သူ့သား မောင် မင်းခန့် ကို သမီး မှတ်မိတယ်မှတ်လား "

" သေချာတော့ မသိတော့ဘူး "

"  သူက သမီးက ၂နှစ်ကြီးတယ်လေ ခု ဆေးတက္ကသိုလ် တတ်နေတယ် "

" မုန်းမေ့လို့မရ "   " မုန်းမေ့လို့မရ " Donde viven las historias. Descúbrelo ahora