မုန်းမေ့လို့မရ

3.4K 216 6
                                    

ဖြူ တစ်ယောက် ရန်ကုန်ပြန်လာဖို့ ၁ပတ်လောက်လိုသေးသော်လည်း မင်းခန့် ကရန်ကုန်ပြန်မည်ပြောသဖြင့် ဖြူ့ မိဘများက တပါတည်းလိုက်သွားရန် ထည့်လိုက်၍ ဖြူ တစ်ယောက် မင်းခန့်ကားနှင့် ၂ဦးသားရန်ကုန်သို့ ပြန်လာခဲ့ကြလေသည်။

ဖြူ  လည်း ချစ်ရသူကို အံ့သြစေရန် ကြိုမပြောထားခဲ့ပေ။တလမ်းလုံး မင်းခန့် နဲ့  စကားပြောလာ၍ တစ်ယောက်အကြောင်းတစ်ယောက် သိကာ ပိုမိုခင်မင်လာကြလေသည်။

"  ဖြူ   ရှေ့နားကျ ခနနားမယ်နော်  ဖြူ  ဗိုက်ဆာနေပီးလား "

"  ရပါတယ် ကိုမင်း မဆာသေးပါဘူး "

"  အင်းပါ ဆာရင်ပြောနော် တခုခုဆို အားမနာနဲ့  "

" ဟုတ် "

၂ဦးသား ရန်ကုန်သို့ ညနေစောင်းမှရောက်လာကြလေသည်။မြောက်ဥက္ကလာဘက်ရောက်တော့ ဖြူ  စကားစလေသည်။

"  ကိုမင်း  ဖြူ  ကားဌားပြန်လိုက်တော့မယ်  "

" ဘာလို့လဲဖြူ  "

" ဟို ကိုမင်းကဒီနားမှာ အဆောင်နေတာမှတ်လား "

"  အဆောင်ရယ်တော့မဟုတ်ပါဘူး  ကိုယ့် သူငယ်ချင်းတွေနဲ့စပ်ပြီး အခန်းဌားနေတာပါ "

"  အော်  "

"   ကိုယ်ကရတယ် အားမနာနဲ့  ဖြူ  ကိုသေချာပြန်ပို့ဖို့ အန်ကယ်တို့ ပြောထားတယ်လေ ခုပဲ မှောင်တော့မယ် စိတ်မချပါဘူး "

"  ဟုတ်ကဲ့   ကျေးဇူးပါ ကိုမင်း "

"  အင်း "

" တာမွေနော် "

" ဟုတ် "

၂ဦးသား မောင်းလာရင်း ဖြူ အဆောင်သို့ရောက်လာကြလေသည်။

"  အော် ဒီအဆောင်ကိုး "

" ဟုတ် သိလို့လား "

" ကိုယ့် fri ရဲ့ ကောင်မလေး နေဖူးတယ်လေ အရင်က "

" အော် "

ဖြူ ကားပေါ်က အထုတ်တွေချနေ၍ မင်းခန့် ကဝိုင်းကူကာ ချပေးလိုက်လေသည်။

" အဆောင်ထဲဝင်ဖို့ပြောတော့ဘူးနော် အဆောင်ကဒီချိန်ဆို ဧည့်တွေ့လက်မခံလို့ အားနာလိုက်တာ "

" မုန်းမေ့လို့မရ "   " မုန်းမေ့လို့မရ " Nơi câu chuyện tồn tại. Hãy khám phá bây giờ