ဖြူ တစ်ယောက် ချစ်ရသူ လိုင်းအတတ်ကိုမျှော်နေလေသည်။မိဘအိမ်ပြန်ရောက်နေသည်မို့ ဖုန်းနဲ့ကျ လွမ်းသည့်အကြောင်း ချစ်ရသည့်အကြောင်းကို ပြောဖို့ကျ ခက်သည်မို့ လိုင်းအလာသာ မျှော်နေရလေသည်။
ည၉နာရီ ဆုံနေကျမို့ မျှော်နေမိလေသည်။အချိန်က တဖြည်းဖြည်းနဲ့ ၉နာရီကိုကျော်လာ၍ ခွဲခါနီးနေပြီ ချစ်ရသူကခုချိန်ထိမလာသေးသည်မို့ စိတ်ကပူလာရပြန်သည်။
ဖြူ တစ်ယောက် နာရီကြည့်လိုက် ဖုန်းကိုင်ကာ လိုင်းတတ်ကြည့်လိုက် မလာသေး၍ ပြန်ဆင်းလိုက် လက်သည်းကိုက်လိုက် ဟိုသည်လျှောပ်လိုက် လှဲအိပ်လိုက်နဲ့ ထိုင်ရမလို ထ ရမလို ယောက်ယပ်ခပ်နေလေသည်။
" ကျစ် မ ကလည်း ခုထိကိုမလာသေးဘူး "
" ဘာဖြစ်နေလို့များပါလိမ့် "
" နေများမကောင်းဖြစ်နေလား "
" မဖြစ်သေးပါဘူး ဖုန်းဆက်ကြည့်မှ "
" အာ ဖုန်းဆက်ပြန်တော့ အဆောင်မှာ မ ဖုန်းသံမြည်လာအုံးမယ် ဘာလုပ်ရမလဲ "
" အာ ဟုတ်သား smsပို့ လိုက်ရသားဟာကို "
ဖြူလည်း ဖုန်းကိုချက်ချင်းကောက်ကိုင်ကာ စာရိုက်လိုက်ပြီး sms ပို့လိုက်လေသည်။
ဖြူ စာပို့လိုက်ကာ မေမဒီဆီက ပြန်စာအလာကို ဖုန်းကိုင်ကိုသာ ကြည့်၍ မျှော်နေမိလေသည်။
မေမဒီတစ်ယောက် မနက် ရုံးကိုပြရမည့် လချုပ်စာရင်းတွေကို ညနေပြန်လာထဲက လုပ်နေရသည်မို့ အချိန်နာရီတွေကိုမေ့လျော့နေလေသည်။
စာရင်းတွေလုပ်နေတုန်း ဘေးမှာရှိသည့် ဖုန်းက အသံမြည်လာလေသည်မို့ ယူကြည့်လိုက်မိလေသည်။
💌💌💌
" မ မလာသေးဘူးလား ? နေမကောင်းလို့လား ?့ ဖြူ စိတ်ပူနေတယ် မ ရေ "
" ကျစ် အာ ဟုတ်သား ၉ခွဲတောင်ကျော်နေပြီပဲ "
" ကလေး စိတ်ပူနေပြီ ဒုက္ခပါပဲ "
" လိုင်းလာဖို့ စာပြန်လိုက်အုံးမှပဲ စာရင်းက ပြီးခါနီးပါပြီလေ ကလေးနဲ့ ခနပြောပြီးမှ ဆက်လုပ်လိုက်တော့မယ် "

VOCÊ ESTÁ LENDO
" မုန်းမေ့လို့မရ " " မုန်းမေ့လို့မရ "
Romance" မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ် ...... " မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ်...