အခန်း ၃ (မွေးဖွားခြင်း) Chapter 3 – Birth
ဂျိနင် မျက်စိဖွင့်ကြည့်လိုက်တော့ သားမွေး ဝတ်စုံ ဝတ်ထားတဲ့ လူကြီးတစ်ယောက်က သူ့ကို ပွေ့ချီထားတာ တွေ့လိုက်တယ်။
"မင်းတို့ သွားလို့ ရပြီ ။"
အခိုင်းအစေ မိန်းကလေးသုံးယောက်က ရိုသေစွာ ဟုတ်ကဲ့ရှင့် လို့ ပြန်ပြောပြီး ထွက်သွားကြတယ်။
ဂျိနင်ကို ပွေ့ချီထားသူက သူ့ဖခင်ဖြစ်လိမ့်မယ်။ သားတစ်ယောက် မွေးလာပေမဲ့ သူ့အမူအရာက ရေခဲတုံးလို အေးစက်စက်ဖြစ်နေပြီး ခန့်မှန်းရခက် နေတယ်။ သူက တင့်တယ်တဲ့ သားမွေး ဝတ်စုံကို ဝတ်ထားပြီး ခုန မိန်းကလေးသုံယောက် က ဝတ်ဆင်ထား တဲ့ သားမွေးအကျီထက် ပိုပြီး အရေအသွေး ကောင်းတယ်။
အခန်းက တော်တော်ကြီးကို ရှင်းနေတယ်။ ပရိဘောဂတွေက ကျောက်တုံးကို ထွင်းထုထားတာတွေ ချည်းပဲ။ ထွင်းထုထားတဲ့ လက်ရာတွေက အရမ်းရှေးကျပြီးတော့ နန်းဆန်နေတယ်။ အိပ်ရာပေါ်မှာတော့ ၇မီတာလောက် ရှည်တဲ့ သားမွေးတွေကို ကြမ်းပေါ် အထိ ချိတ်ဆွဲထားတယ်။ တစ်ချက်ကြည့် ရုံနဲ့ အရမ်းဈေးကြီးတဲ့ သားမွေးမှန်း သိသာတယ်။ မျက်နှာ နီရဲနေတဲ့ မိန်းမငယ်လေးဟာ ခုတင်ပေါ်မှာ ရှိနေတယ်။
ပရိဘောဂတွေသာ ကျောက်ကို ထွင်းထားတာ မဟုတ်ပဲ အခန်းကြီးကလည်း ကျောက်သားကို ထွင်းထုထားတာ ဖြစ်နေတယ်။ အဖေကော အခိုင်း အစေ မိန်းကလေး ၃ ယောက်ကော က သားမွေးတွေ ဝတ်ထားကြတော့ ဒီကမ္ဘာက သိပ္ပံ ခေတ်အထိ မတိုးတက်လောက်သေးဘူး။ ဂျိနင် စဉ်းစားနေမိတယ်။
"သားလေး"
ကလေးငယ်ကို ပွေ့ချီထားပေမဲ့ သူ့မျက်နှာမှာ အပြုံး မရှိပဲ အေးစက်နေတယ်။ မျက်စိတွေမှာသာ စိတ်လှုပ်ရှားတဲ့ အရိပ်အရောင် တွေ့ ရတယ်။
ဂျိနင် သူ့ ခန္ဓာ ကိုယ်ထဲကို ဆန်းကျယ်တဲ့ အအေးလှိုင်း စီးဆင်းလာတာ ခံစားမိတယ်။ သူ အရမ်း သက်တောင့်သက်သာ ခံစားရပြီးတော့ အအေးလှိုင်းတွေ ပျောက်ကွယ်သွားတယ်။
"အန့်ဝမ်၊ သားလေး ဘယ်လို လည်း"
ခုတင်ပေါ်က မိန်းကလေးက မေးလိုက်တယ်။
ВЫ ЧИТАЕТЕ
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Фэнтезиအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ဝါဒကို အခြေခံထားတဲ့ သိုင်း ဝတ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိ...
